ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးကို လှူသွားမယ့် အဆိုတော်မလေး Mina

ပရိသတ်တွေကြားထဲမှာ အောင်မြင်နေတဲ့ Twice အဖွဲ့ရဲ့ Mina ကတော့ အားလုံး အံ့သြအောင် လုပ်လိုက်ပြန်ပါပြီ...။ မကြာသေးခင်က အဆိုတော်သက်တမ်း ရက်ပေါင်း 800 ပြည့်သွားတဲ့ Twice အနေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောခဲ့ကြသလို ထူးထူးခြားခြားအနေနဲ့ Mina ကတော့ သူမရဲ့ Instagram မှာ ဒီအကြောင်းကို တင်ခဲ့တာဖြစ်ပါတယ်...။ အဲ့ဒါကတော့ သူမသေဆုံးသွားတဲ့အခါ ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးကို လှူသွားမှာဖြစ်ကြောင်းနဲ့ ရက် 800 ပြည့်သွားတဲ့ အနေနဲ့ဖြစ်တယ်လို့ ပြောခဲ့ပါတယ်...။


ရုပ်ကလေးကလည်း လှသလို စိတ်ထားလေးကလည်းကောင်းတော့ ပရိသတ်တွေကလည်း ချစ်မဝဖြစ်ရပြီပေါ့... သူမကတော့ အမေရိကန်ပြည်ထောင်စု တက္ကဆက်မှာ ကြီးပျင်းခဲ့တာဖြစ်ပြီး အခုဆို အသက် 20 ရှိပါပြီ... အသက်ငယ်ငယ်နဲ့ ဒီလို အလှူအတန်းမျိုးလုပ်နိုင်တာ ချီးကျူးစရာပါပဲ...။


Twice အဖွဲ့ကတော့ TT, Knock Knock, Cheer Up, Signal, Likey သီချင်းများနဲ့ အောင်မြင်လာခဲ့တာဖြစ်ပြီး လတ်တလောထွက်ရှိထားတဲ့ Heart Shaker ကတော့ ကိုရီးယားလူငယ်တွေကြားထဲမှာ ရေပန်းစားလျက်ရှိပါတယ်...။



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။