ဟိုတယ်ခန်းထဲမှာ ဖြစ်ပျက်နေတဲ့အလွဲများ…။

     ဟိုတယ်တွေတော်တော်များများက လာရောက်တည်းခိုတဲ့သူတွေကို နေထိုင်ရအဆင်ပြေအောင် အကောင်းဆုံးလုပ်ဆောင်ပေးထားကြပါတယ်…။ ဒါပေမယ့် တစ်ခါတစ်လေမှာ သူတို့ရဲ့ ဝန်ဆောင်မှုတွေက ရယ်စရာဟာသတစ်ခုလို လွဲချော်သွားတာတွေလည်းရှိနေပါတယ်…။ ဒီတော့ မထင်မှတ်ပဲဖြစ်သွားတဲ့ လွဲချော်မှုတွေကို ရယ်စရာတစ်ခုအနေနဲ့ဖော်ပြပေးလိုက်ပါတယ်…။

     တရုတ်ကဟိုတယ်တစ်ခုမှာ လာရောက်တည်းခိုသူတွေအနေနဲ့ လိုက်နာရမယ့်စည်းကမ်းချက်တွေကို ဖော်ပြထားတာပဲဖြစ်ပါတယ်…။ မူးယစ်ဆေးဝါးမသုံးပါနဲ့… ပြည့်တန်ဆာဆီပဲသွားပါတဲ့…။

     ဒါကတော့ အင်တာနက်မှာ လူတစ်ယောက်တင်ထားတဲ့ ပုံလေးပါ…။ သူနဲ့ သူ့အလုပ်ကလူတစ်ယောက် အလုပ်ကိစ္စနဲ့ သွားတုန်းက ဒီဟိုတယ်မှာသွားတည်းဖြစ်ခဲ့ပါတယ်တဲ့…။ ကဲ… အိပ်တဲ့နေရာနဲ့ ရေချိုးခန်းနဲ့တွဲထားသလိုဖြစ်နေပြီး အကုန်မြင်နေရမှတော့ ဘယ်လိုလုပ်ကျမလဲ…။

     ဒါကတော့ အရမ်းကိုဟာသဖြစ်နေလွန်းပါတယ်နော်… ဟိုတယ်အခန်းထဲမှာ ဆေးလိပ်မသောက်ရဘူးဆိုတဲ့ သတိပေးချက်ကို ဆေးလိပ်ပြာခွက်မှာကပ်ထားတယ်နော်…။

     အခန်းကို ဒီဇိုင်းဆွဲတဲ့သူအရမ်းတော်တယ်…။ နှစ်မျိုးသုံးလို့ရတယ်နော်…။ ဒါပေမယ့် တစ်ချိန်ထဲမှာ တံခါးနှစ်ခုလုံးကိုတော့ပိတ်လို့မရဘူး…။

     လိုက်ကာ ကာထားတာနဲ့ အပြင်ရှုခင်းကြည့်မလို့ ဆွဲဖွင့်လိုက်တာ…၊ ဝိုး… ဘယ်လိုလား…။ :D

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။