ပိတ်ရက်မှာ ကျောက်ပွင့်သုပ်လေး သုပ်စားရအောင်

ဒီတစ်ခေါက်မှာတော့ WE မှအစားတလိုင်း ချစ်ချစ်တို့ အတွက် ကျောက်ပွင့်သုပ် လုပ်နည်းလေးကိုပြောပြပေးပါ့မယ်။ ပိတ်ရက်မှာ အလွယ်တကူ လုပ်စားလို့ရတာပေါ့နော်။ ထမင်းနဲ့စားရင်ပဲဖြစ်ဖြစ်။ ဒီအတိုင်းစားရင်ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဒီတော့ ပါဝင်ပစ္စည်းလေးနဲ့ လုပ်နည်းလေးကို ပြောပြပေးမယ်နော်။


ပါဝင်ပစ္စည်းလေးတွေကတော့
၁. ကျောက်ပွင့်ခြောက်ဖြူ ( ၁ ထုပ် )
၂. မြေပဲလှော် (အနည်းငယ် )
၃. ပုဇွန်ခြောက် ( အနည်းငယ် )
၄. ခရမ်းချဉ်သီး ( ၁ လုံး )
၅. မုန်လာဥနီ ( ၁ လုံး )
၆. ငါးငံပြာရည် ( အနည်းငယ် )
၇. ဆီ ( အနည်းငယ် )
၈. ဆား ( အနည်းငယ် )
၉. အချိုမှုန့် ( အနည်းငယ် )
၁၀. ငရုပ်သီးအကျက်မှုန့် ( အနည်းငယ် )


ပြုလုပ်ပုံ အဆင့်ဆင့်
၁. အရင်ဦးဆုံး ကျောက်ပွင့်ကို ရေစိမ်ထားပါ။ ကျောက်ပွင့်တွေ ရေစိမ်ပြီး ပွလာပြီဆိုရင် ညှစ်ထားလိုက်ပါ။
၂. ခရမ်းချဉ်သီး၊  မုန်လာဥနီ တို့ကို ရေပြောအောင်ဆေးပြီး ပါးပါးလေးတွေ လှီးထားပါ။
၃. မြေပဲလှော်နဲ့ ပုဇွန်ခြောက်ကို ဆုံထဲမှာ ကြေနေအောင်ထောင်းပါ။
၄. သုပ်မယ့် ဇလုံထဲသို့ ကျောက်ပွင့်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ မြေပဲ၊ ပုဇွန်ခြောက်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငရုပ်သီးအကျက်မှုန့်တို့ကို ထည့်ပြီး သုပ်လိုက်တာနဲ့ အရသာရှိတဲ့ ကျောက်ပွင့်သုပ်ကို ရရှိပါပြီနော်။ ချဉ်စပ်လေး စားချင်ရင်တော့ သံပုရာရည် ဖြစ်ဖြစ်၊ မန်ကျည်းရည် ဖြစ်ဖြစ် ထည့်လို့ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။