မျက်နှာပေါ်ဝက်ခြံအမာရွတ်တွေကြောင့် စိတ်ညစ်နေပါသလား?

မျက်နှာပေါ်က အမာရွတ်တွေကြောင့် အလှပျက်မှာ စိုးရိမ်နေသူတွေအတွက် သဘာဝပစ္စည်းတွေနဲ့ အမာရွတ် လျော့ပါးစေမယ့် နည်းတွေကိုရေးသားပေးလိုက်ပါတယ်။


(၁) ရေခဲကပ်ပါ။ 

ဝက်ခြံအဖုနဲ့ အမာရွတ်တွေ လျော့ပါးစေဖို့ရေခဲကပ်ပေးပါ။ ရေခဲကပ်တာကြောင့် ဝက်ခြံဖု နီမြန်း ရောင်ရမ်းမှုနဲ့ အမာရွတ် ထင်တာတို့ကို သက်သာစေပါတယ်။ အအေးဒဏ်ကို မခံနိုင်ရင်ရေခဲတုံးကို သန့်စင်တဲ့ပိတ်စနဲ့ထုပ်ပြီး ဝက်ခြံအမာရွတ်တွေပေါ် (၁၅) မိနစ်ခန့် ပွတ်သပ်လိမ်းပေးနိုင်ပါတယ်။

(၂) အာလူး၊ သခွားသီးနှင့် ခရမ်းချဉ်သီးလိမ်းပါ။ 

အာလူး၊ သခွားသီး၊ ခရမ်းချဉ်သီး တစ်မျိုးမျိုးကို ခပ်ပါးပါးလှီးပြီး ဝက်ခြံအမာရွတ်ပေါ်မှာ စက်ဝိုင်းပုံအတိုင်း ပွတ်သပ်ပေးပါ။ အဲဒီ အသီးအရည်တွေကို အရေပြားထဲ စိမ့်ဝင်တဲ့အထိ (၁၅) မိနစ်ခန့် ညင်ညင်သာသာ ပွတ်သပ်ပေးရင် ဝက်ခြံ အမာရွတ်တွေကို မှိန်ဖျော့သွားစေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင်အေပါဝင်တဲ့အတွက် ထိခိုက်နေတဲ့ အသားအရေကို အမြန်ဆုံးပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။ 

(၃) သံပရာရည်လိမ်းပါ။ 

ဝက်ခြံ အမာရွတ်တွေက အရောင်ရင့်တယ်ဆိုရင် သံပရာရည်ထဲမှာ ဝါဂွမ်းစကိုနှစ်ပြီး ဝက်ခြံအမာရွတ်တွေပေါ်မှာ ပွတ်သပ်လိမ်းပေးပါ။ (၁၅) မိနစ်ကြာမှာ ရေအေးနဲ့ သန့်စင်ရမှာဖြစ်ပါတယ်။ 

(၄) ဆော်ဒါမှုန့်ဖြင့် ကြေးချွတ်ပါ။ 

မျက်နှာအရေပြားကို ဆော်ဒါမှုန့်နဲ့ကြေးချွတ်သန့်စင်ပေးပါ။ ဆော်ဒါမှုန့် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ ရေထမင်းစားဇွန်း နှစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ဝက်ခြံအမာရွတ်တွေပေါ် သုတ်လိမ်းကာ အချိန်(၂) မိနစ်ခန့်ထားပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။ 

(၅) သံလွင်ဆီ လိမ်းပါ။ 

သံလွင်ဆီက အသားအရေ၊ ဆံကေသာနဲ့ တစ်ကိုယ်လုံး ကျန်းမာရေးအတွက် အသုံးဝင်ပါတယ်။ အစာထဲမှာ ထည့်သုံးရင် အရသာရှိစေရုံသာမက အသားအရေရဲ့ လှပမှုကိုလည်း တိုးတက်စေပြီး အရေပြား နူးညံ့ ချောမွေ့စေပါတယ်။ သံလွင်ဆီ နှစ်စက်-သုံးစက်ခန့်ကို မျက်နှာပေါ် သုတ်လိမ်းပေးရင် ဝက်ခြံ အမာရွတ်ကို လျော့ပါးစေပါတယ်။

(၆) သခွားသီးဖြင့် ပေါင်းတင်ပါ။ 

သခွားသီးကို ကြိတ်ခြေပြီး ရလာတဲ့အနှစ်ကို မျက်နှာတစ်ပြင်လုံး ပေါင်းတင်သလို သုတ်လိမ်းပေးပါ။ အရေပြား ရောင်ရမ်းမှုကို လျော့ကျစေရုံသာမက အသားအရေကို ပြန်လည်လန်းဆန်းစေပြီး ဝက်ခြံအမာရွတ်တွေကို လျော့ပါးစေပါတယ်။

(၇) ရှားစောင်းလက်ပတ် အနှစ်သားကို လိမ်းပါ။ 

ရှားစောင်းလက်ပတ်ကို ဝက်ခြံအမာရွတ် ကုသရာမှာအသုံးများပါတယ်။ ရှားစောင်းလက်ပတ် အနှစ်သားဟာ ဝက်ခြံအဖုကို သာမက အမာရွတ်ကိုပါ လျော့ပါးစေတဲ့ အနာကျက် ဂုဏ်သတ္တိရှိလို့ပါ။ ရှားစောင်းလက်ပတ်အနှစ်သားအရည်ကို ပုံမှန်လိမ်းပေးရင် ဝက်ခြံအမာရွတ် တဖြည်းဖြည်း မှိန်ဖျော့လာပါလိမ့်မယ်။









X