Myanmar Idol Season 3 စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနား ကျင်းပခဲ့



ဒီနေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် Myanmar Idol Season  3 စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို Melia ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ထိုပွဲကိုတော့ Myanmar Idol ရဲ့ ပြိုင်ပွဲဝင်တွေဖြစ်ခဲ့ကြတဲ့ အဆိုတော်များတက်ရောက်ခဲ့ပြီး ခုလာမည့် Season 3 မှဆိုရင် ဧပြီ ၁ ရက်နေ့တွင်စတင်မှာဖြစ်ပြီး  Judge အနေနဲ့  မြန်မာပြည်သိန်းတန်၊ ရန်အောင်၊မျိုးကျော့မြိုင် နဲ့ တင်ဇာမော်တို့ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။


အရင် Season အတိုင်းပါပဲ Host ကတော့ ကျော်ထက်အောင် ပဲဆက်လက်တာဝန်ယူဆောင်ရွက်ပေးသွားမှာပါ။ ပရိသတ်တွေအများအပြားစိတ်ဝင်စားနေကြတဲ့ အဆိုပြိုင်ပွဲတွေထဲကတစ်ခုဖြစ်တဲ့ ဒီ Myanmar Idol Season 3 မှာ Winner ဆုကို ရရှိလာမယ့်သူကတေ့ာ ဆုငွေကျပ်အနေနဲ့ သိန်း ၅၀၀ ချီးမြင့်ပေးသွားမှာဖြစ်သလို Solo Album ပါထုတ်ပေးမယ်လို့လည်းသိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။