ထိရောက်တဲ့အိမ်တွင်းဖြစ် Face Masks (၈) မျိုး

မျက်နှာပေါင်းတင်ဖို့အတွက် တကူးတကနဲ့ ဆိုင်ကိုသွားပြီးလုပ်စရာမလိုအောင်၊ အချိန်ကုန် ငွေကုန်သက်သာပြီး ကိုယ့်အိမ်မှာပဲပေါင်းတင်လို့ရနိုင်မယ့်Homemade Face Mask လုပ်နည်းလေးတွေကို ပြောပြပေးချင်ပါတယ်…။

(၁) အိပ်ရာမဝင်ခင် ခရမ်းချဉ်သီးတစ်လုံး နဲ့ နွားနို့ (စားပွဲတင်ဇွန်း နှစ်ဇွန်း) ကိုရောမွှေပြီး face mask လေးလုပ်ပေးမယ်ဆိုရင်တော့ မျက်နှာမှာရှိတဲ့ ဆဲလ်တွေကို အသစ်ပြန်လည်ဖြစ်ပေါ်လာဖို့အတွက် ကူညီပေးနိုင်ပါတယ်။

(၂) ရှားစောင်းလက်ပက်အရည် (စားပွဲတင်ဇွန်းတစ်ဇွန်း) ထဲကို ကြက်ဥတစ်လုံးဖောက်ထည့် ရောမွှေပြီး
face mask လုပ်ပေးရင်တော့ မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်းတွေကို ပျောက်ကင်းစေပါတယ်။

(၃) မျက်နှာပေါ်က အစက်အပျောက်လေးတွေကိုဖယ်ရှားဖို့အတွက် ကြက်ဥတစ်လုံး (အကာ) ကို သံပယိုသီးအရည် (စားပွဲတင်ဇွန်းတစ်ဇွန်း) နဲ့ရောပြီး face mask လေးလုပ်ကြမယ်။

(၄) ကောင်းမွန်တဲ့မျက်နှာအသားအရေလေး ပြန်ရချင်တယ်ဆိုရင်တော့ ကော်ဖီ (စားပွဲတင်ဇွန်း နှစ်ဇွန်း) နဲ့ ပျားရည် (စားပွဲတင်ဇွန်း နှစ်ဇွန်း) ကို ရောပြီးတော့ face mask လေးလုပ်ပေးပေါ့။

(၅) ကြည်လင်တောက်ပတဲ့အသားအရေလေးကို ထပ်လိုချင်ရင်တော့ ဒိန်ချဉ် (စားပွဲတင်ဇွန်း နှစ်ဇွန်း) နဲ့ သံပယိုသီး (စားပွဲတင်ဇွန်း နှစ်ဇွန်း) ကိုရောပြီး face mask လေးလုပ်ပေးလိုက်နော်။

(၆) အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ချင်တဲ့သူတွေကတော့ သံပရိုသီး (စားပွဲတင်ဇွန်း တစ်ဇွန်း) နဲ့ ပျားရည် (စားပွဲတင်ဇွန်း နှစ်ဇွန်း) ကိုရောပြီး face mask လေးလုပ်ပေးရမှာပါ။

(၇) နနွင်း (စားပွဲတင်ဇွန်း ၁/၄ ဇွန်း) ကို အုန်းဆီ (စားပွဲတင်ဇွန်း နှစ်ဇွန်း) နဲ့ရောပြီး face mask လေးလုပ်ပေးရင်တော့ ကျန်းမာပြီးပိုမိုကောင်းမွန်တဲ့မျက်နှာလေးရရှိစေမှာပါ။

(၈) ဝက်ခြံပျောက်ဖို့အတွက် လုပ်ရမယ့် face mask လေးကတော့ သစ်ကြံပိုးခေါက် (စားပွဲ တင်ဇွန်း တစ်ဇွန်း) နဲ့ ပျားရည် (စားပွဲ တင်ဇွန်း နှစ်ဇွန်း) ကိုရောပြီးလုပ်ပေးရမှာပါ။