အသက်ဝင်အောင်ပြန်လည်ရိုက်ကူးခဲ့တဲ့ နာမည်ကျော် Disney Cartoons များ

Beauty and the Beast (2017)

Disney က ဂန္ဓဝင်ဇာတ်လမ်းဖြစ်တဲ့ “Beauty and the Beast” ကို Life အဖြစ်နဲ့ အသစ်ပြန်လည်သယ်ဆောင်လာပါတယ်....။ “Emma Watson” ကို Belle အဖြစ်၊ “Dan Stevens” ကို Beast အဖြစ်နဲ့ တွေ့မြင်ခဲ့ကြမှာပါ။ ဒီဇာတ်လမ်းမှာ 1991 မူလဇာတ်ကားထဲက ဇာတ်ဝင်သီချင်းတွေ ပါဝင်တာကိုတွေ့ရပါတယ်။ တီးလုံးတွေကိုကျတော့ အရင်နဲ့မတူပဲ အခြားသံစဉ်တီးလုံး အသစ်တွေထည့်သွင်းထားတယ်။ နောက်ပြီး Emma ကိုယ်တိုင် ပထမဦးဆုံး သူမအသံနဲ့ သူမကိုယ်တိုင်ရေးတဲ့သီချင်းကို ထည့်သွင်းထားတာပါ။ ဒီဂန္ဓဝင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးတဲ့အခါမှာလည်း အစအဆုံးပြီးဖို့ကို သုံးနှစ်အချိန်ယူခဲ့ရတယ်လို့သိရပါတယ်။ ဒီကားဟာဆိုရင် မျှော်မှန်းထားတဲ့အတိုင်းပဲ Disney ကထုတ်တဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်လာခဲ့ပါတယ်။

The Jungle Book (2016)

ပရိသတ်တွေရဲ့အားပေးမှုအများကြီးရခဲ့တဲ့ “The Jungle Book” ကို Live Flim အနေနဲ့ ပြန်ရိုက်တော့လည်း အောင်မြင်မှုရရှိခဲ့ပြန်ပါတယ်။ ဒီကာတွန်းလေးက Mowgi ဆိုတဲ့ ကောင်လေးရယ် မတူညီတဲ့တိရိစ္ဆာန်တွေရယ်ကို ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ Mowgi နေရာမှာတော့ ကလေးသရုပ်ဆောင်ဖြစ်တဲ့ “Neel Sethi” ကပါဝင်ပေးထားတာပါ။ Disney ကာတွန်းကိုပြန်ရိုက်ထားတဲ့အခါမှာလည်း ဘယ်လိုတွေသက်ဝင်လှုပ်ရှားစွာနဲ့ သရုပ်ဆောင်ထားလဲ၊ ရိုက်ကူးထားလဲဆိုတာကိုတွေ့ခဲ့ကြမှာပါ။ ဒါကြောင့် “The Jungle Book” ဇာတ်ကားဟာလည်း Disney ရဲ့အအောင်မြင်ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်လာခဲ့ပါတယ်။

Cinderella (2015)

လူတိုင်းကြိုက်တဲ့ Disney ကာတွန်း “Cinderella” ကို Live version အဖြစ်ပြန်ရိုက်တဲ့အခါမှာ သရုပ်ဆောင် “Lily James” နဲ့ “Richard Madden” တို့ကပါဝင်ပေးထားပါတယ်။ မူလဇာတ်လမ်းမှာတုန်းက မှတ်မိလွယ်တဲ့သီချင်းလေးတွေပါဝင်ပေမယ့် 2015 မှာတော့ တေးဂီတပိုင်းတွေ ပြန်လည်ပြုပြင်ထားတာတွေကို တွေ့ရပါတယ်။ နားဝင်ချိုပြီးနားထောင်ကောင်းတဲ့ တေးဂီတ တီးလုံးတွေမပါရင်တောင် လူတိုင်းကဒီဇာတ်ကားလေးကို ချစ်ခင်နှစ်သက်ကြတယ်။ Life အဖြစ်နဲ့ ပြန်ပြင်ရိုက်ကူးထားတဲ့ ဒီကားဟာဆိုရင် အကြီးအကျယ်ကိုအောင်မြင်မှုရရှိပြီး ကမ္ဘာအနှံ့အပြားက စုစုပေါင်းဝင်ငွေ ဒေါ်လာ 500 million ကျော်ရရှိခဲ့တာပါ။

Maleficent (2014)

“Sleeping Beauty” ကိုပြန်ရိုက်ထားတဲ့ “Maleficent” ဇာတ်ကားမှာ “Angelina Jolie” နဲ့ “Elle Fanning” တို့ပါဝင်သရုပ်ဆောင်ထားတာကိုသိကြမှာပါ။ သူက အရင် 1959 ဇာတ်လမ်းကို Disney ပရိတ်သတ်တွေအတွက် ပြန်ပြင်ရိုက်ပေးထားတဲ့ဇာတ်ကားလေးပါပဲ။ ဒီတစ်ခါမှာကျတော့ Evil Villain ဖြစ်တဲ့ “Maleficent” ကို အဓိကဇာတ်ဆောင်လိုထားပြီး အရင် “Sleeping Beauty” ကိုပုံစံအသစ်ပြောင်းရိုက်ထားတာမို့ ကြည့်တဲ့ပရိသတ်အတွက် ရသတစ်မျိုးခံစားရစေပါတယ်။