Muscle Barbie လေးတွေလို့တင်စားခံထားရတဲ့ ကိုရီးယား နဲ့ ရုရှားက မိန်းမချောလေးနှစ်ယောက်

Julia Vins

Julia Vins ( နာမည်အရင်းကတော့ Yulia Vinns ) ပါ ..။ သူမဟာ အင်္ဂလန်မှာမွေးဖွားပြီးကြီးပြင်းခဲ့တဲ့ ရုရှားသူစစ်စစ်ဖြစ်တယ်။ သူမအသက် ၁၅ နှစ်ကတည်းက Weightlifting နဲ့ Bodybuilding ကိုစတင်ပြီး လေ့ကျင့်လာခဲ့သူပါ။ ၁၉၉၆ မေလ ၂၁ ရက်နေ့မှာမွေးတဲ့သူမဟာ အခုဆိုရင် ၂၃ နှစ်ပြည့်တော့မှာပါ။ အင်္ဂလန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အဆင့် Weightlifting tournament မှာ သူမအနေနဲ့ ရုရှားနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ဆွတ်ခူးနိုင်ခဲ့တယ်။
ကြံ့ခိုင်ပြီး ကြီးမားတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပေမယ့် သူမရဲ့ မျက်နှာပေါက်လေးကတော့ ဘာဘီအရုပ်မလေးအတိုင်းပါပဲ ..။ Follower 218k ရှိတဲ့ IG မှာရော၊ အပြင်က လူတွေပါသူမကိုသိတဲ့နာမည်ကတော့ Russian Muscle Barbie ဖြစ်ပါတယ်။

Jhi Yoon Woo

လှပတဲ့မျက်နှာလေးနဲ့မလိုက်အောင် ထွားကြိုင်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့နောက်တစ်ယောက်ကတော့ ကိုရီးယားသူလေး ဂျီယွန်ဝူး ပါ။ သူမကတော့ အသက် ၁၃ လောက်ကတည်းက Physique နဲ့ Bodybuilding ကိုလိုက်စားခဲ့သူဖြစ်ပါတယ်။ ၂၀၁၃ မှာ ဥရောပတိုက်ကိုယ်စားပြုအမျိုးသမီး Physique Competition မှာ ပထမရခဲ့သလို ၂၀၁၅ ခုနှစ် ကနေဒါနိုင်ငံ ဗင်ကူဗားမှာပြုလုပ်တဲ့ Pro Women Physique Show မှာတော့ စတုတ္ထနေရာကိုရရှိခဲ့သူဖြစ်ပါတယ်။ Julia က ဥရောပရဲ့ Muscle Barbie ဆိုရင် အာရှရဲ့ Muscle Barbie ကတော့ ဂျီယွန်ဝူး ပဲဖြစ်ပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။