K Pop လောကရဲ့အတောက်ပဆုံး ဖြစ်လာဦးမယ့် TWICE

JYP Entertainment ရဲ့အမျိုးသမီးအဖွဲ့သစ်တစ်ခုအနေနဲ့ TWICE ကို 2015 ခုနှစ် October မှာပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်…။ ဒီလို ငယ်ငယ်ရွယ်ရွယ်ကောင်မလေးတွေအဖွဲ့မှာ အဖွဲ့ဝင် (9) ဦးပါဝင်ပြီး အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်…။ 2016 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Cheer Up သီချင်းဟာဆိုရင် K Pop လောကရဲ့ အကြီးဆုံး Melon နဲ့ Mnet အာရှဆုပေးပွဲအသီးသီးမှာ တစ်နှစ်တာအကောင်းဆုံးသီချင်းဆုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါတယ်…။ အဖွဲ့သစ်တစ်ခုအနေနဲ့ ဒီလိုအောင်မြင်မှုမျိုးရရှိတာ အံ့မခမ်းပါပဲ…။

နောက်ထပ်ထွက်ရှိခဲ့တဲ့ TT သီချင်းကလည်း အောင်မြင်မှုတွေထပ်မံရရှိစေခဲ့ပါတယ်…။ Debut လုပ်ပြီး 19 လအတွင်းမှာ Album ချပ်ရေပေါင်း 12 သိန်းကျော်ရောင်းချခဲ့ရပြီး 2016 ခုနှစ်ရဲ့ Album အရောင်းရဆုံး အမျိုးသမီးအဖွဲ့ နေရာကို ရယူနိုင်ခဲ့ပါတယ်…။

JYP ရဲ့ Miss A အဖွဲ့ပြီးနောက် ပထမဆုံး အမျိုးသမီးအဖွဲ့ကို 5 နှစ်နီးပါးကြာပြီးမှ အချိန်ယူပြင်ဆင်ကာ Sixteen ဆိုတဲ့ Reality Show ကနေတဆင့် TWICE အဖွဲ့ဝင် (9) ဦးကို မွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်…။ အောင်မြင်မှုမှတ်တိုင်တစ်ခုအနေနဲ့ သူတို့ရဲ့ပထမဦးဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲ Twiceland ကို 2017 ခုနှစ် February လအတွင်းမှာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်…။


2017 May လအတွင်းမှာ သီချင်းအသစ် Signal ကို ဖြန့်ချီခဲ့ပြီး လူကြိုက်များခဲ့ပါတယ်…။ မြန်မာမှာလည်း ပရိသတ်တွေများစွာရှိပြီးတော့ Concert လာလုပ်ဖို့လည်း သတင်းတွေထွက်နေတဲ့အတွက် မြန်မာပရိသတ်တွေအနေနဲ့ ရင်ခုန်စွာစောင့်ဆိုင်းရမယ့် အခြေအနေဖြစ်ပါတယ်…။ မြန်မာပရိသတ်တွေနဲ့ အမြန်ဆုံးတွေ့ခွင့်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်….။