စိုးရိမ်ပူပန်မှုတွေကိုလျော့နည်းစေဖို့ သင့်ရဲ့ ဦးနှောက်တွေကို ဒီလိုလေ့ကျင့်ပေးလိုက်ပါ

စိုးရိမ်ပူပန်မှုဆိုတာ ကျွန်တော်တို့ ဘဝအတွက် အဟန့်အတားဖြစ်စေနိုင်တဲ့ ဒြပ်မဲ့တဲ့အရာတွေထဲကတစ်ခုဖြစ်ပါတယ်။
မည့်သည့်ကိစ္စမျိုးမှာမဆို စိုးရိမ်မှုတွေဖြစ်လာရင် ဖိအားတွေများလာမယ်။ လုပ်ရမယ့်အရာတွေအပေါ် ထိရောက်မှုမရှိပဲဖြစ်လာလိမ့်မယ်။ ဒါတွေဟာ ကျွန်တော်တို့ အားလုံးအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။

ဒီလိုမျိုး မဖြစ်နိုင်အောင် သင့်ဦးနှောက်ရဲ့ အတွေးပိုင်းဆိုင်ရာကို ဒီလိုနည်းနဲ့ လျှော့ချလိုက်ပါ။


တိတ်ဆိတ်တဲ့နေရာမှာထိုင်ပြီး ကိုယ့်စိတ်ကို ငြိမ်အောင်ထားပါ


ဖိအားတွေ စိတ်ပင်ပန်းမှုတွေကို လျော့ကျသွားနိုင်အောင် ကိုယ့်ကိုယ်ကို အချိန်ပေးပြီး အနားယူပါ။


အကောင်းမြင်ခြင်း


လူ့စိတ်ဆိုတာ တွေးရင်တွေးသလို ပုံဖော်လို့ရပါတယ်။ အခြေအနေ နှင့်အချိန်အခါကိုကြည့်ပြီး သင့်စိတ်ကို အကောင်းမြင်ခြင်းဖြင့် တစ်နေ့တာအချိန်ကို ဖြတ်သန်းလိုက်ပါ။

ပြဿနာကိုဖြေရှင်းပါ


အငြင်းအခုံတွေ လုပ်နေမယ့်အစား သင့်ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပိုပြီးအရေးကြီးပါတယ်။


ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပါ


ကိုယ်ဘက်က ပြီးမြောက်အောင်ဆောင်ရွက်ခဲ့သမျှ အလုပ်တိုင်းအတွက် ကိုယ်လုပ်နိုင်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပါ။

ကိုယ်စိတ်ဝင်စားတာကို လုပ်ပါ


လူ့ဘဝဆိုတာ ရခဲလှတယ်။ ဒါ့ကြောင့်မို့လို အသက်ရှင်နေတဲ့အချိန်မှာ ကိုယ်ကြိုက်တာ ကိုယ်လုပ်လိုက်ပါ။


ရှင်းထုတ်လိုက်ပါ


အမြင်မှား၊ အတွေးမှားတွေဟာ သင့်ရဲ့ စိတ်ကို ပိုပြီးရှုပ်ထွေးစေတတ်ပါတယ်။ ဒါကြောင့်မို့လို့ မစဉ်းစားသင့်တဲ့အရာတွေ ကို ရှင်းထုတ်လိုက်ခြင်းဖြင့် သင့်ရဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချလိုက်ပါ။


ဆော့ကစားပါ


အရမ်းဖိအားများနေတဲ့အချိန် ဒါမှမဟုတ် စိုးရိမ်မှုတွေဖြစ်နေတဲ့အချိန်မှာ ကလေးတွေနဲ့ဖြစ်ဖြစ်၊ သင့်သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဆော့ကစားလိုက်ခြင်းဟာ သင့်ရဲ့ ဦးနှောက်ကို ကြည်လင်စေပြီး နေ့ရက်သစ်တိုင်းအတွက်လည်း လန်းဆန်းနေမှာပါ။

နေ့ရက်တိုင်းမှာ ပျော်နိုင်စေဖို့အတွက် သင့်ရဲ့ ဦးနှောက်ကို အထက်ပါနည်းအလွယ်လေးနဲ့ လေ့ကျင့်လိုက်ခြင်းဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်စွာဖြတ်သန်းလိုက်ပါနော်…