ရေနွေးကြမ်း နှင့် ကျန်းမာရေး


ရေနွေးကြမ်းဆိုတော့ မြန်မာလူမျိုးတို့ရဲ့ နေ့စဉ်သောက်သုံးကြပြီး ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်တဲ့ အရာတွေထဲကတစ်ခုဖြစ်ပါတယ်။


ရေနွေးကြမ်းမှာ ပါဝင်နေတဲ့ Antioxidants တွေဟာ ဗိုက်ထဲက အဆီတွေကို လျော့ကျစေနိုင်တဲ့အတွက် ဝိတ်လျှော့တဲ့အခါမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ရေနွေးထဲကို လက်ဖက်ခြောက်ခပ်ပြီး တစ်နေ့  ၃ခွက် ပုံမှန် သောက်သုံးပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်တယ်လို့ သိရပါတယ်။


ဒါ့အပြင် ရေနွေးကြမ်းသောက်ခြင်းသည် သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို ဖယ်ရှားရှင်းထုတ်ပေးပြီး ပုံမှန် သွေးလည်ပတ်မှုကို အထောက်အကူပေးပါတယ်။ နောက်တစ်ခုကတော့ နံနက်ချိန်ခါမှာရေနွေးကြမ်းကို သောက်သုံးခြင်းဟာလည်း အစာချေဖျက်ခြင်းအပိုင်းကို ပိုမိုကောင်းမွန်စေပါတယ်။

အစာစားပြီးတိုင်း ရေအေးကိုသောက်လိုက်ခြင်းဟာလည်း သင့်ကျန်းရေးအတွက် ထိရောက်မှုမရှိနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဆီဓာတ်တွေများလာသည့်အပြင် အစာများကိုလည်း လွယ်ကူစွာမချေဖျက်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ အစာစားပြီးတိုင်း ရေအေးသောက်သုံးတဲ့နေရာမှာ ရေနွေးကြမ်းကို အစားထိုးသောက်သုံးခြင်းဖြင့် သင့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။

သွယ်လျတဲ့ ခန္ဒာကိုယ် အရွယ်တင်နုပျိုစေရုံမက ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်နိုင်တာမို့  ရေနွေးကြမ်း တစ်နေ့ ၃ ခွက် မသောက်နိုင်ရင်တောင် ၁ ခွက်လောက် ပုံမှန်သောက်ပေးရင် များစွာသော အကျိုးကျေးဇူးများ ရရှိစေနိုင်တာ အမှန်ပါပဲနော်။