မိန်းကလေးတွေအတွက် မိတ်ကပ်သားတစ်နေ့လုံးခံပြီး အလှမပျက်စေတဲ့ နည်းလမ်းကောင်းတစ်ချို့…

     မိတ်ကပ်လိမ်းပြီး အပြင်ထွက်တဲ့အခါမှာ အိမ်ကစထွက်ထဲကနေ အိမ်ကိုပြန်ရောက်တဲ့အချိန်ထိ မိတ်ကပ်ကိုဒီတိုင်းလေးပဲ ဖြစ်စေချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒတစ်ခုပါပဲ…။ မိတ်ကပ်သားကြာကြာမခံတဲ့ ပြဿနာက မိန်းကလေးတော်တော်များများမှာ ကြုံတွေ့နေရတဲ့အရာ တစ်ခုပဲဖြစ်ပါတယ်…။ အပြင်တွေသွားနေတုန်း မိတ်ကပ်ပျက်သွားရင် ပြန်လိမ်းဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက် တစ်နေ့လုံးမိတ်ကပ်ခံနေစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။

- မျက်နှာသေချာသစ်ပေးပါ…

မျက်နှာကို သန့်စင်နေအောင် သစ်ပေးတာကလည်း မိတ်ကပ်ကြာရှည်ခံစေမယ့် အကောင်းဆုံးနည်းလမ်းလည်းဖြစ်ပါတယ်…။ မိတ်ကပ်လိမ်းတော့မယ်ဆိုရင် မျက်နှာကိုအရင်သန့်စင်နေအောင် သစ်ပြီးမှပဲ လိမ်းပေးလိုက်ပါနော်…။

- Setting Spray လေးဖြန်းပေးပါ…

မိတ်ကပ်လိမ်းပြီးသွားတဲ့အခါမှာလည်း မိတ်ကပ် Setting Spray လေးဖြန်းပေးမယ်ဆိုရင်လည်း မိတ်ကပ်သားကိုကြာရှည်ခံစေပြီး မိတ်ကပ်ကိုလည်း သိပ်သိပ်လေးနဲ့လှပစေမှာပဲဖြစ်ပါတယ်…။

- မိတ်ကပ်ကို အထပ်ထပ်လိမ်းပေးပါ…

မိတ်ကပ်ဖောင်ဒေးရှင်းလိမ်းပြီး မိတ်ကပ်ပေါင်ဒါကို ပါးပါးလေးနဲ့ အထပ်ထပ်လိမ်းပေးမယ်ဆိုရင်တော့ မိတ်ကပ်သားကို ကြာကြာခံစေပြီး တစ်နေ့လုံးခံနေစေမှာပဲဖြစ်ပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။