အသားမည်းတဲ့သူတွေ အားမငယ်ရအောင်…။

အသားညိုတယ်ဆိုပြီး စိတ်ပျက်နေတဲ့သူတွေအတွက် Nyakim Gatwech က အားတက်စရာတစ်ခုဖြစ်ခဲ့ပါတယ်…။

မည်းနက်နေတဲ့သူမရဲ့ အသားအရောင်ကလည်း ထင်ပေါ်ကျော်ကြားမှုတစ်ခု ဖြစ်စေခဲ့ပါတယ်…။

ဆူဒန်မှာရှိတဲ့ အသက် ၂၄ နှစ်အရွယ် Nyakim Gatwech ဟာဆိုရင် မည်းနက်တဲ့အသားအရောင်ရှိပြီး သူမရရှိထားတဲ့ အသားအရောင်အပေါ် နည်းနည်းလေးမှာ သိမ်ငယ်တာမျိုးတွေ မရှိဘူးပါဘူးလို့ ဆိုထားပါတယ်…။

 သူမအနေနဲ့ “Queen of the Dark” ဆိုတဲ့ အမည်ကိုလည်း ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်…။ “Black is bold, black is beautiful, black is gold” ဆိုတာကတော့ သူမပြောနေကျစကားပဲဖြစ်ပါတယ်…။

သူမအနေနဲ့ ၂၀၁၆ လောက်မှာတုန်းက Uber Driver ရဲ့အကြံပေးခြင်းကိုခံခဲ့ရဖူးပါတယ်…။ အဲဒါကဘာလဲဆိုတော့… သူမရဲ့အသားအရေကို ဓာတုဗေဒနည်းပညာနဲ့ ဖြူအောင်လုပ်လိုက်ပါလားလို့ အကြံပေးခြင်းမျိုးပါပဲ…။

 ဒီလိုပြောလိုက်တဲ့အခါမှာ သူမပြန်တုံ့ပြန်လိုက်တာကတော့ ဒီအသားအရောင်ကို ဘာလို့ရတယ်ဆိုတာ မင်းနားလည်မှာမဟုတ်ပါဘူး…၊ သူအနေနဲ့ ဒီလိုအသားအရောင်ရတာက ကောင်းတဲ့အချက်ပါပဲလို့ပြောခဲ့ပါတယ်…။


လောကကြီးကို အသားမည်းတဲ့သူတွေရဲ့ အလှကိုပြလိုက်ကြရအောင်လို့လည်း သူမကပြောခဲ့ပါသေးတယ်…။ ကျမရဲ့အသားအရေက နေရောင်ခြည်ကိုလည်း စုပ်ယူပါတယ်…၊ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကိုလည်း ခံနိုင်ပါတယ်…။ ဒါကြောင့် ကျမက လူထူးလူဆန်းမဟုတ်ပါဘူး လို့လည်း သူမကဆိုထားပါတယ်…။