လေယာဉ်မယ်ချောချောလေးတွေအများဆုံးရှိတဲ့ နာမည်ကြီး လေကြောင်းလိုင်း ( ၈ ) ခု

အရင်ကတော့ အက်ဒမင် ထင်ခဲ့တာ ME ( Malaysian airline ) နဲ့ KE ( Korean Airline ) ကစကီလေးတွေက အချောဆုံးဆိုပြီးတော့ ..။ နောက်ပိုင်း Check in ဝင်တာတွေ၊ immigration ဖြတ်တာတွေ၊ visa counter ( အရင်က ) ဖြတ်တာတွေကြုံလာရတော့မှာ ဘယ်လိုလေကြောင်းလိုင်းတွေမှာ စကီချောချောလေးတွေရှိသလဲ သိလာရတယ်။

( ၁ ) ပြင်သစ်လေကြောင်းလိုင်း


ဟိုးအရင် နိုင်တီးဂွမ်တီးတည်းက IATA ( အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်းကြီး ) ရဲ့ အသိအမှတ်ပြုလက်မှတ်တွေ တစ်ပုံကြီးရထားတဲ့ လေကြောင်းလိုင်းတစ်ခုပါ။ လေယာဉ်မောင်တွေရော၊ လေယာဉ်မယ်တွေပါ ဝတ်ဆင်တဲ့ယူနီဖောင်းတွေကို နာမည်ကြီးဒီဇိုင်နာ ခရစ်စတီယန် လာခရော့ခ်စ် ကဒီဇိုင်းထုတ်ပေးတာဖြစ်တယ်။ သူတို့ကိုကြည့်ရတာဟာ Onboard service ပေးနေတာထက်စာရင် စင်မြင့်ပေါ်မှာ ဖက်ရှင်ရှိုးလျှောက်နေတဲ့ model တွေနဲ့တောင်တူပါသေးတယ်။ နောက်ပြီး ပဲရစ်အပါအဝင် ပြင်သစ်တစ်နိုင်ငံလုံးကအချောအလှလေးတွေစုနေတဲ့ airline တစ်ခုဆိုလည်းမမှားဘူးပေါ့။

( ၂ ) စင်ကာပူရီးယန်း လေကြောင်းလိုင်း


SG လို့တော်တော်များများသိကြတဲ့ စင်ကာပူလေကြောင်းလိုင်းကတော့ onboard ပေါ်မှာတင်မကပဲ ချန်ဂီရောက်တဲ့အထိ အကောင်းဆုံး service တောက်လျှောက်ပေးတယ်ဆိုတာ သိကြမှာပါ။ ပါတိတ်ဝမ်းဆက်ပုံစံ ပြာလဲ့လဲ့ယူနီဖောင်းလေးတွေဝတ်ဆင်ထားပြီး မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့်အမြဲတမ်းဆင်မြန်းထားတတ်တဲ့ တရုတ်မလေးတွေကိုကြည့်ရတာအရမ်းစိတ်ချမ်းသာဖို့ကောင်းပါတယ်။ ချောတယ်လှတယ်ထက်စာရင် သူတို့ရဲ့အပြုံးကအရမ်း charming ဖြစ်လွန်းလို့ most charming smile onboard လို့တောင်တင်စားကြတဲ့အထိပါပဲ။

( ၃ ) အေရိုဖလတ်


ရုရှားလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ အေရိုဖလတ် ကတော့ ခပ်မိုက်မိုက်၊ ခပ်ဟော့ဟော့ စကီလေးတွေတစ်ပုံကြီးရှိတဲ့ နာမည်ကြီးလေကြောင်းလိုင်းတစ်ခုပါ။ ကမ္ဘာပေါ်မှာ စိတ်အချရဆုံး၊ နောက်ဆုံးပေါ်နည်းပညာတွေကိုအသုံးပြုထားတဲ့ အန်တိုနော့ဗ်တီယူ လေယာဉ်ကြီးတွေကိုအသုံးပြုထားတာကြောင့်လည်းနာမည်ကြီးပါတယ်။ ရုရှတွေဟာ ဖက်ရှင်နဲ့ပတ်သက်ပြီး အရမ်း creative မဖြစ်ပေမယ့် လေယာဉ်မယ်လေးတွေကို စွဲဆောင်မှုရှိနေစေတာကတော့ သူတို့ရဲ့ လည်စီးပုဝါနဲ့ ဘေးစောင်းကက်ဦးထုပ်လေးတွေကြောင့်ပါ။ နောက်ပြီး စကီလေးတွေရဲ့ ခပ်တောင့်တောင့်ဘော်ဒီနဲ့ ကွက်တိယူနီဖောင်းလေးတွေကိုဆင်မြန်းထားတာဆိုတော့ကာ ဘယ်လိုလှလို့လှမှန်းမသိဘူးပေါ့နော်။

( ၄ ) ကာသေ့ချ်ပစိဖတ်လေကြောင်းလိုင်း


အာရှဒေသ ရဲ့ အကောင်းဆုံးလေကြောင်းလိုင်းတွေထဲကတစ်ခုလို့ပြောရမှာပါ။ ဟောင်ကောင်အခြေစိုက် ကာသေ့ချ်ပစိဖိတ် ဟာ ထက်မြက်၊ချောမောပြီး စွဲဆောင်မှုရှိတဲ့ flight attendant တွေရှိတာကြောင့်လည်းနာမည်ကြီးပါတယ်။ ဖော်ရွေမှုရှိသလောက်၊ emergency case တွေဖြစ်တဲ့ ကလေးမီးဖွားတာ၊ အောက်ဆီဂျင်ပြတ်တာ အပါအဝင် အရေးကြီးရှေးဦးသူနာပြုစုနည်းတွေကိုပါ ကျွမ်းကျင်မှုရှိလို့ Flight scanner တွေရဲ့ voting တွေအတော်များများကိုပိုင်ဆိုင်ထားတဲ့လေကြောင်းလိုင်းလည်းဖြစ်တယ်။ ကိုလွန်း ကနေ ရန်ကုန်အထိ တောက်လျှောက်စီးလာတဲ့သူတွေ Cathay Pacific ရဲ့ Onboard service rating ဘယ်လောက်ရှိတယ်ဆိုတာကိုခန့်မှန်းကြည့်လို့ရပါတယ်။

( ၅ ) အမ်းမရိတ်စ်


အမ်းမရိတ်စ် ကတော့ ပြောရရင် best luxury onboard service ever လို့ပဲဆိုရမှာပါ။ business လိုမျိုး High Class တွေကိုထားလို့ သာမန် Economic မှာတောင် ဘယ်လို food, drink နဲ့ service တွေရှိတယ်ဆိုတာကို Dubai နဲ့ ရန်ကုန် to and fro လူတွေသိကြပါတယ်။ နောက်ပြီး တခြား airline တွေနဲ့မတူတာက ဘယ်အချိန်ကြည့်ကြည့်၊ တောက်ပြောင်ပြီး မျက်စေ့ပသာဒရှိလှတဲ့ outfit တွေရယ်၊ လှပတဲ့အပြုံးချိုချိုနဲ့လေယာဉ်မယ်လေးတွေပဲဖြစ်ပါတယ်။

( ၆ ) အဲအေးရှား


အရှေ့တောင်အာရှရဲ့ ဈေးနှုန်းအချိုဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်သလို၊ ခရီးသည်တွေရဲ့ ပါဝင်ပစ္စည်း၊ ကုန်စည်တွေအတွက် သတ်မှတ်ထားတဲ့ charges တွေအသက်သာဆုံး airline တစ်ခုလည်းဖြစ်ပါတယ်။ နီရဲရဲယူနီဖောင်း နဲ့ လက်အုပ်ချီနှုတ်ဆက်နေတဲ့လေယာဉ်မယ်လေးတွေကြောင့် ခရီးစဉ်တစ်ခုလုံးစိတ်ချမ်းသာစေရမယ်ဆိုတာကတော့ အသေအချာပါပဲ။ ထရောင်လီလက်ဆွဲအိတ်လေးတွေကိုယ်စီဆွဲထားပြီး ကောင်းကင်ပေါ်ပျံတက်ဖို့အသင့်ဖြစ်နေကြတဲ့ လေယာဉ်မယ်လေးတွေကို ကွာလာလမ်ပူလေဆိပ်မှာ အများဆုံးမြင်ရမှာပါ။

( ၇ ) ထိုင်းအဲဝေး


TG လို့ခေါ်ကြတဲ့ ထိုင်းအဲဝေး ကတော့ ဘန်ကောက် သွားမယ့်လူတွေရော၊ ဝါရှင်တန်ဒီစီ ထရန်စစ်သမားတွေပါ အကြိုက်တွေ့ကြတဲ့ လေကြောင်းလိုင်းတစ်ခုပါ။ နောက်ပြီး ၁၉၉၉ ကနေ ဒီနေ့အချိန်အထိ အရည်အသွေးနဲ့ အရည်အချင်းတစ်ခုကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့နာမည်ကြီးလေကြောင်းလိုင်းတစ်ခုလည်းဖြစ်ပါတယ်။ Flight Detail နဲ့ HSE demonstration ပြတဲ့အချိန်ကတော့ TG လေယာဉ်မယ်လေးတွေရဲ့ ချစ်စရာအကောင်းဆုံးဖြစ်တဲ့ အချိန်ကလေးပေါ့ ..။ ခရမ်းရောင်ယူနီဖောင်း၊ လည်စည်းလေးနဲ့ ဆဝါဒီခပ် လို့နှုတ်ခွန်းဆက်တတ်တဲ့ လေယာဉ်မယ်ချောချောလေးတွေရှိတဲ့ ထိုင်းအဲဝေးဟာ အာရှတင်မဟုတ်ပဲ ဥရောပကခရီးသွားတွေပါကြိုက်နှစ်သက်ကြပါတယ်။

( ၈ ) လက်ဖ်သန်ဆာ


ဂျာမန်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ လက်ဖ်သန်ဆာ ကတော့ ဒတ်ချ် နဲ့ ဟော်လန်သူ ချောချောလေးတွေစုနေတဲ့လေကြောင်းလိုင်းတစ်ခုပါ။ Overall ပုံစံ ရိုးရိုးရှင်းရှင်း ဟော်လန် ရိုးရာဝတ်စုံလေးကို ဆင်မြန်းထားတဲ့ လေယာဉ်မယ်လေးတွေဟာ အနည်းငယ်တော့ ကပိုကရိုဆန်ပေမယ့် စွဲဆောင်မှုရှိတာကတော့ငြင်းမရဘူးဆိုတာကျိန်းသေပါပဲ။ နောက်ပြီး ယဉ်ကျေးပျူဌာတာပြီး အထက်တန်းကျလွန်းတဲ့ onboard service တွေကြောင့် ဥရောပရဲ့ နာမည်ကြီး Airline တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။