သင့်လက်သည်းနီအရောင်ကပြောတဲ့ သင့်အကြောင်း

Nude nails

သင်ဟာ လက်သည်းနီအရောင်ဖျော့ဖျော့လေးတွေပဲဆိုးတယ်ဆိုရင်တော့ သင်ဟာအင်မတန်တွေးတောတတ်တဲ့ သူဖြစ်ပြီး အများနဲ့ဆက်ဆံရမှာလည်းဖော်ရွေသူတစ်ဦးဖြစ်ပါတယ်။ ခံစားချက်မပြင်းထန်ပဲ အရောင်ဖျော့ဖျော့လေးတွေအတိုင်း တည်ငြိမ်အေးချမ်းသူတစ်ဦးဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးတဲ့သူတစ်ယောက်ဖြစ်ပြီး အဆင့်မြင့်မြင့်နေထိုင်တတ်သူလို့လည်း ဆိုနိုင်ပါတယ်။


Silver nails

သင်ဟာ ငွေရောင်လက်သည်းနီလေးတွေပဲဆိုးတယ်သူဆိုရင်တော့ အလွန်သည်းခံနိုင်သူဖြစ်ပြီး ယုံကြည်လွယ်သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီအရောင်လေးကိုမကြာခဏဆိုးတတ်တဲ့သင်ဟာ အလုပ်တစ်ခု အောင်မြင်ဖို့အတွက် အရမ်းကိုစိတ်အားထက်သန်သူတစ်ဦးဖြစ်ပြီး ယုံကြည်အားထားရသူတစ်ဦးလည်းဖြစ်ပါတယ်။ သင့် ပင်ကိုစရိုက်က အရမ်းကိုကောင်းမွန်ပါတယ်။ ဒါကြောင့် လူတွေက သင့်ကိုဆို အလွယ်တကူပဲ ယုံကြည်ကြပါတယ်။ သင်ဟာ ဉာဏ်ကောင်းသူ၊ ဟာသဉာဏ်ရှိသူ တစ်ယောက်ဖြစ်တဲ့ အပြင် မြန်မြန်ဆန်ဆန် တွေးခေါ်နိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။


White nails

 အဖြူရောင်ဆိုးရတာကြိုက်တဲ့ မိန်းကလေးရဲ့ စိတ်နေစိတ်ထားကတော့ ရိုးရိုးရှင်းရှင်းနေထိုင်ရတာကြိုက်ပြီး မနာလိုဝန်တိုစိတ်ကင်းကြပါတယ်တဲ့...။ အများရဲ့အမြင်မှာ စိတ်နုတဲ့ပုံပေါ်ပေမယ့် တကယ်တော့ အလွန်စိတ်ဓာတ်မာကြောပြီး လွယ်လွယ်နဲ့ အရှုံးမပေးတတ်သူတွေပါ...။ မိန်းကလေးမဆန်တဲ့ မိန်းကလေးတွေပေါ့...။


Black nails

သင်ဟာ ပျော်နေတတ်သူတစ်ယောက်ဖြစ်သော်လည်း ပျာယာမခတ်တတ်သူပါ။ သင်ဟာ သိတတ်မှု၊ နားလည်မှုရှိတဲ့လူတစ်ယောက်ပါ။ သင်ဟာ ရင်ဖွင့်သူများကို ဝေဖန်ခြင်းမရှိဘဲ ကောင်းကောင်းနားထောင်ပေးတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သင်ဟာ လက်သည်းနီးအမဲရောင်ဆိုးတယ်ဆိုရင်တော့ နှလုံးသားရေးရာမှာ ခံစားလွယ်သူတစ်ဦးဖြစ်ပါတယ်။ နောက်ပြီး လျှို့ဝှက်တတ်သူ တစ်ဦးဆိုလည်းမမှားပါဘူးနော်။ သင်ဟာ ကြင်နာတတ်ပြီး စိတ်ထိခိုက်လွယ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Pink nails

သင်ဟာ ပန်းရောင်လက်သည်းနီလေးတွေကိုပဲ အများဆုံးဆိုးဖြစ်နေသူတစ်ယောက်ဆိုရင်တော့ နူးညံ့တဲ့နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သင်ဟာ ချစ်ဖို့ကောင်းတဲ့သူတစ်ဦးဖြစ်ပြီး လှုပ်ရှားတက်ကြွနေတတ်သူ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့သူဖြစ်ပြီး လူတွေကို ရယ်မောအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိသူတစ်ဦးပါ။ လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်သူလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီးစိတ်သူယဉ်ဆန်သူတစ်ဦးဖြစ်ပါတယ်။

Blue nails

အပြာရောင်လက်သည်းနီ အရောင်ဆိုးဖြစ်တယ်ဆိုရင်တော့ သင်ဟာသစ္စာရှိပြီး ယုံကြည်စိတ်ချရသူဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူတစ်ဦးဖြစ်ပါတယ်။ တကယ်တော့ သင်ဟာ တသီးတသန့် နေတတ်သူလည်း ဖြစ်ပြန်ပါတယ်။ သင့်လို တွေးရတာကြိုက်သူ၊ သင်ယူရတာကြိုက်သူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်သူပါ။ လူ့ကျင့်ဝတ်ဆိုင်ရာတွေကို တွေးတောရင်းနဲ့ အချိန်ကုန်တတ်သူဆိုလည်း မမှားပါဘူး။