လက်ဖဝါးမှာ ချွေးထွက်များသူတွေအတွက် နည်းလမ်းကောင်း (၄) ခု…

     တစ်ခါတစ်လေမှာ လက်ဖဝါးမှာချွေးထွက်တာတွေ များပြီး စိတ်ရှုပ်စရာကောင်းတဲ့အဖြစ်မျိုးတွေ မကြာခဏဆိုသလိုမျိုး ကြုံတွေ့နေရတတ်ပါတယ်…။ ဒီလိုမျိုး ခဏခဏချွေးထွက်တာကြောင့် စိတ်ရှုပ်စရာကောင်းတဲ့အဖြစ်ပျက်တွေ လျော့နည်းသွားစေမယ့် အိမ်တွင်းနည်းလမ်းလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်…။

- ရေနွေးကြမ်း…

အနည်းငယ်ပဲပူတော့တဲ့ ရေနွေးကြမ်းခွက်ထဲကို လက်ကိုနှစ်ပြီး ၁၀ မိနစ်လောက်ထားပေးမယ်ဆိုရင် လက်မှာရှိနေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားမှာလိုအပ်နေတဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်တာကြောင့် နေ့တိုင်းလုပ်သင့်ပါတယ်…။ ဒီနည်းလမ်းလေးကို အိပ်ရာဝင်ခါနီးတိုင်းလုပ်ပေးမယ်ဆိုရင်တော့ ပိုပြီးအကျိုးထိရောက်မှုရှိစေပါတယ်…။

- ပေါင်ဒါမှုန့်…

ပေါင်ဒါမှုန့်တွေကို လက်ဖဝါးမှာပွတ်ပြီး လိမ်းလိမ်းပေးမယ်ဆိုရင်လည်း သင့်လက်ဖဝါးမှာဖြစ်နေတဲ့ ချွေးထွက်တာတွေကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်နော်…။

- ဆား…

ဆားကတော့ အိမ်တိုင်းမှာအမြဲရှိတတ်တဲ့အရာတစ်ခုပါပဲ…။ ဆားမှာပါဝင်နေတဲ့ဓာတ်တွေက လက်ဖဝါးမှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် သင့်လက်ဖဝါးမှာချွေးထွက်တာတွေကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်…။ ရေနွေးနွေးလေးအနည်းငယ်လောက်ပဲထည့်ထားတဲ့ ဇလုံထဲကိုဆားတွေထည့်ပြီး လက်ဖဝါးတွေကိုထည့်ပြီး ပွတ်ပေးမယ်ဆိုရင်လည်းသင့်လက်ဖဝါးမှာချွေးထွက်တာတွေကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်…။

- ခရမ်းချဉ်သီး…

ခရမ်းချဉ်သီးကလည်း လက်ဖဝါးမှာချွေးထွက်တာတွေကို လျော့နည်းသွားစေမယ့် အကောင်းဆုံးနည်းလမ်းလည်းဖြစ်ပါတယ်…။ ခရမ်းချဉ်သီးကို အရည်ညစ်ပြီး လက်ဖဝါးပေါ်မှာ ပွတ်ပြီးလိမ်းပေးမယ်ဆိုရင်လည်း သင့်လက်ဖဝါးမှာဖြစ်နေတဲ့ ချွေးထွက်တာတွေကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။