GiGi နဲ့ မတွေ့ချင်တော့လောက်အောင် စိတ်ဓာတ်တွေကျခဲ့တယ်ဆိုပြီး နေခြည်ဦး ပြောပြလာ



မကြာသေးခင်က “Gigi Hadid ကို သိတဲ့လူတွေ လက်ချိုးရေတွက်လို့ရတယ်” ဆိုတဲ့ မထင်မှတ်ထားတဲ့ အင်တာဗျူး တစ်ခုကြောင့် Beauty Blogger တစ်ဦးဖြစ်သူ နေခြည်ဦး ဟာ ဝေဖန်တိုက်ခိုက်ခြင်းများစွာခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နေခြည်ဦး ဟာ ဝေဖန်တိုက်ခိုက်ခဲ့တဲ့ လူတွေကြောင့် Super Model Gigi Hadid နဲ့ တွေ့ရတော့မယ် ဆိုတဲ့ ပျော်ရွှင်မှုဟာ တကယ်ကိုပျောက်ဆုံးခဲ့တယ်လို့ အပွင့်လင်းဆုံး ပြောပြခဲ့ပါတယ်။

“ဖြစ်ဖြစ်ချင်းတုန်းကဆိုရင် ငါ GiGi ကို သွားတွေ့ရမှာကို စိတ်ပါပျက်သွားတယ်။ သွားမတွေ့ချင်ရလောက်အောင် ကိုယ့်ကိုယ်ကို စိတ်ဒုက္ခတွေပေးနေတယ်။” ဆိုပြီး သူမရဲ့ Live မှာ သူမခံစားခဲ့ရတဲ့ အရာတချို့ကို ဖွင့်ပြောခဲ့ပါတယ်။

Beauty Blogger နေခြည်ဦးဟာ ဆိုရင် လာမယ့် ၂၅ ရက်နေ့တွင် အလှမယ် Model မေမြတ်နိုး နှင့်အတူ ဂျပန် နိုင်ငံမှာ ဇန်နဝါရီ ၂၈ ရက်နေ့ထိ Super Model တစ်ဦးဖြစ်သူ Gigi Hadid နဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။