အင်တာဗျူးနဲ့ပတ်သက်ပြီးသတိထားရမဲ့အချက် (၅ ချက်

 တစ်ရက်ကြိုခေါ်တဲ့ Interview တစ်ခု ကိုကိုယ့်ဘက်ကပြင်ဆင်ဖို့အချိန်ရှိရဲ့သားနဲ့ မပြင်ဆင်ခဲ့ရင် … သိသင့်တာတွေမသိခဲ့ရင်၊ အခွင့်အရေးတစ်ခုကိုလက်လွှတ်လိုက်ရတာနဲ့တူတူပဲမဟုတ်လား …. အဲဒီတော့ …။ 

ပြင်ဆင်မှုကအရေးကြီး

အလှတွေပြင်တတ်မှ၊ ဝတ်တတ်စားတတ်မှ၊ လှပနေမှ ဆိုတဲ့အချက်ကိုလက်ကိုင်ထားပြီး Interview ကိုမသွားပါနဲ့ ….။ စာဖတ်သူ လှပကောင်းလှပနေမယ်၊ တောက်ပြောင်နေမယ်။ ဒါပေမဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေမပါလာဘူး၊ CV က Update မဖြစ်ဘူး၊ သက်ဆိုင်ရာ နယ်ပယ်နဲ့ပတ်သက်တဲ့ Knowledge မရှိဘူး၊ သင်လုပ်ဆောင်ရမယ့်အပိုင်းနဲ့ပတ်သက်တဲ့ Description တွေကိုနားမလည်ဘူး၊ Company နဲ့ပတ်သက်တဲ့ Information တွေမသိဘူ၊ မတီးမခေါက်မိဘူးဆိုရင် စာဖတ်သူအတွက် ဒီ Interview ဟာဘာအကျိုးမှမရှိပါဘူး။

သွားလဲလူပင်ပန်းပြီး ပိုက်ဆံကုန်တာရှိမှာပေါ့။ သင်ဘာမှမသိရင် ဘာမှမရဖို့များနေပြီလေ။ သင့်အနေနဲ့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်နေတယ်ဆိုရင်တောင် သင့်ရဲ့ Lack of Observation ( စူးစမ်းရှာဖွေချင်စိတ်နည်းပါးတာ ) ကြောင့်ပဲ အမှတ်တွေလျှော့ချခံရမယ်ဆိုတာသတိပြုပါ။ အဲဒီတော့မသွားခင်Company နဲ့ပတ်သက်သမျှသတင်းအချက်အလက်တွေစုဆောင်းပါ။ သင့်ရဲ့ CV ကိုတစ်လလောက်ကြိုပြီး Up to Date ဖြစ်နေပါစေ။ Company ရဲ့ အဓိကအရေးပါတဲ့သူတွေ ( ဥပမာ CEO, Founder, Board of Director ) တွေရဲ့အမည်တွေကိုမှတ်မိနေပါစေ။ Detailလောက်မဟုတ်ရင်တောင် သင့်အနေနဲ့ briefing လောက်သိတာကအထောက်အကူဖြစ်စေလိမ့်မယ်။

အချိန်တိတိကျကျ ဖြစ်ပါစေ 

ဒါကတော့ပြောစရာတောင်မလိုပဲနဲ့ တော်တော်များများသိပြီးသားတွေထဲကတစ်ခုဖြစ်တယ် ….။ ချိန်းဆိုထားတဲ့နေရာကိုအချိန်မှီရောက်နေတာမျိုး ….၊ ၁၅ မိနစ်လောက်စောပြီးကြိုရောက်နေတာမျိုး …၊ သာမန်ကြည့်ရင်ဘာမှမဟုတ်ပေမဲ့ တစ်ဘက်လူကတော့ သင့်ရဲ့အချိန်တိကျတဲ့အချက်ကို သတိပြုမိသွားပြီဖြစ်ပါတယ် …။

Interview မှာလည်းတူတူပါပဲ။ မနက် ၁၁ နာရီအရောက်ဆိုပါတော့ သင့်အနေနဲ့ ၁၀:၄၅ လောက်မှာကြိုရောက်သွားလို့ ဘာမှအပန်းကြီးသွားတာမရှိပါဘူး …။ Interview ခန်းထဲဝင်မယ့် အချိန်ကိုစောင့်ရင်းပြင်ဆင်စရာရှိတာလေးတွေကိုသာ ပြင်ဆင်နေလိုက်ပေါ့ ….။ အချိန်တိကျတာဟာ interview မှာတင်မဟုတ်ပါဘူး ပေါင်းသင်းဆက်ဆံရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာပါ တော်တော်လေးခရီးရောက်တဲ့ အချက်လေးတစ်ချက်ဖြစ်တယ် …။

အဝတ်အစားနဲ့ ပတ်သက်လို့ 

အဝတ်အစားရွေးချယ်ဝတ်ဆင်တတ်တာကလည်း Interview မှာ တော်တော်လေးကို ခရီးပေါက်တဲ့အချက်တစ်ခုပါ …။
ကိုယ့်ကိုမြင်လိုက်ပြီဆိုတာနဲ့ မြင်ရသူစိတ်ထဲမှာ Smart ကျတယ်၊ သန့်သန့်ခန့်ခန့် ရှိတယ်ဆိုတဲ့ အထင်လေးတစ်ချက်ရောက်သွားဖို့လိုပါတယ် … ။

အဲဒီလိုဝတ်ဆင်တဲ့နေရာမှာ Overdo .. Overdressing မဖြစ်ဖို့လိုအပ်ပါတယ်။ အရမ်းကြီးတောက်ပြောင်လွန်းတဲ့အဝတ်အစားနဲ့ အဆင်တန်ဆာတွေ၊ Fancy accessories တွေ၊ အရောင်ရင့်ရင့်နဲ့ အဝတ်အစားတွေဝတ်ဆင်တာကိုတတ်နိုင်သလောက်ရှောင်ပါ …။ မဝတ်ရင်တော့ပိုကောင်းတာပေါ့ … ။

သန့်သန့်ပြန့်ပြန့် နဲ့ ရနံ့သင်းသင်းလေး

Interview သွားခါနီး မိမိရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားပြီးဂရုစိုက်သင့်ပါတယ်။ ခြေသည်းလက်သည်းတွေရှည်နေတာမျိုး၊ ဆံပင်ကရှုပ်ပွနေတာမျိုး၊ ခံတွင်းနံ့ဆိုးနေတာမျိုး၊ နောက်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်ကချွေးနံ့နံတာမျိုးတွေဟာ သင့်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းကြောင်းဖော်ပြသလို သင့်ရဲ့ interviewer တွေကိုလည်း အသံတိတ်အနှောင့်အယှက်ပေးရာကျပါတယ် ….။

ရေမွှေးအနံ့ပြင်းပြင်းကို ပုလင်းလိုက် မှောက်ကျလာတယ်ထင်ရအောင်မတရားဆွတ်ထားတာမျိုး၊ Aftershave တွေအများကြီးလိမ်းထားတာမျိုး …၊ Body Lotion တွေ အတုံးလိုက်အတစ်လိုက် လိမ်းသွားတာမျိုးတွေကိုရှောင်ပါ။ ရနံ့က ရုတ်တရက်ဆိုမွှေးတယ်ထင်ရပေမဲ့ Aircon လွှတ်ထားတဲ့ လေလုံ Interview အခန်းမျိုးဆိုရင် အခန့်မသင့်ရင် အဲဒီအနံ့တွေကြောင့်မူးလဲတာတွေ ၊ သတိလစ်တာတွေ၊ အောက်ဆီဂျင်မဝတာတွေဖြစ်တတ်ပါတယ်။

ရလဒ် မကောင်းခဲ့ရင်ရော …  

Interviewee (အင်တာဗျူးဖြေသူ) တော်တော်များများက Interview မအောင်ရင် ဘာလို့မအောင်ရတယ်ဆိုတဲ့အချက်ကို သိကြတယ်။ ဆက်ဆံရေးအားနည်းတာလား၊ လိုအပ်တဲ့အချက်တွေနဲ့ ကိုက်ညီမှုမရှိလို့လား … စသည်ဖြင့်ပေါ့ .. ။

ကျရှုံးခဲ့တယ်ဆိုရင် … အဲဒီအချက်ကိုပဲ သင့်ရဲ့နောက်ထပ်အခွင့်အရေးတစ်ခုအနေနဲ့အသုံးချပါ။ သင့်အနေနဲ့ Interviewer ကို တိုက်ရိုက်ဆက်သွယ်နိုင်မဲ့ ဖုန်း ဒါမှမဟုတ် Email လိပ်စာရှိတယ်ဆိုရင် အဲဒီကနေတစ်ဆင့် သင်ဘာကြောင့်ကျရှုံးရတယ် ဆိုတဲ့ Feedback ကိုတောင်းခံပါ။ ဒါဆိုသင့်အနေနဲ့ အလုပ်ပေါ်မှာ ဘယ်အတိုင်းအတာထိ စိတ်အားထက်သန်မှုရှိလဲဆိုတာကိုပြလိုက်တာလည်းဖြစ်တယ်။ အဲဒီကနေ သင်ခန်းစာယူပြီး ငါဘာတွေလိုအပ်နေသလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာနိုင်တယ် …။ ကံကောင်းရင်သင့်ရဲ့ Interviewer က Company မှာနောက်ထပ် လစ်လပ်နေရာရှိလာရင်တောင် သင့်ကိုဦးစားပေးအနေနဲ့သတိရကောင်းရနိုင်ပါတယ် …။







X