နန်းဆန်လွန်းတဲ့ Miss Grand Thailand 2017 ရဲ့ National Costume Show


မနေ့ညက စည်းကားသိုက်မြိုက်ပြီး ခမ်းနားထည်ဝါစွာ ကျင်းပခဲ့တဲ့ Miss Grand Thailand 2017 ရဲ့ National Costume Show ကို ပြည်တွင်း ပရိသတ်များသာမက Pageant Industry ထဲက ပြည်ပ ပရိသတ်တွေများပါ အားပေးမှုများစွာရရှိခဲ့ပါတယ်။ ရိုးရာမပျက် Grand ဆိုတဲ့ Topic အောက်ကအတိုင်း နန်းဆန်လွန်းတဲ့ ရိုးရာဝတ်စုံတွေကြောင့် ပရိသတ်ရဲ့ စိတ်ဝင်စားမှုများ ရရှိလာပါတယ်။ ဆန်းသစ်တဲ့ Idea တွေ၊ ဖန်တီးမှုကောင်းလွန်းတဲ့ လက်ရာတွေ၊ ဝတ်စုံ Designers တွေရဲ့ ပညာတွေ စသဖြင့်အရာတွေနဲ့ ပေါင်းစပ်ပြီး အသေးစိတ် အနုစိတ် ဖန်တီးချုပ်လုပ်ပေးထားတာကို ပုံမှမြင်တဲ့အတိုင်းပဲဖြစ်ပါတယ်။ National Costume Winner ဆုကို ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီမှာ ကြေညာပေးသွားမှာဖြစ်ပြီး၊ Final ပြိုင်ပွဲကြီးကိုတော့ ဇူလိုင်လ ၈ရက်နေ့ ည ၈ နာရီမှာ ကျင်းပပေးသွားမှာဖြစ်ပါတယ်လို့ Miss Grand Thailand Facebook Page မှာ ကြေညာထားပါတယ်။

ပရိသတ်အားပေးခြင်းများစွာရရှိထားတဲ့ National Costume တချို့ကို တင်ပြလိုက်ပါတယ်နော်။
ပုံအပြည့်အစုံကို ဆက်လက်ကြည့်ရှု့လိုသူများအတွက် Miss Grand Thailand page မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



Photo Credit - Miss Grand Thailand