ခေါက်ဆွဲခြောက်တင်ပို့မှုဖြင့် ဝင်ငွေများစွာရရှိနေသည့် တောင်ကိုရီးယား

ခေါက်ဆွဲဆို တရုတ်စာလို့ သတ်မှတ်ကြတယ်... သို့ပေမယ့် အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေမှာတော့ တောင်ကိုရီးယားကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး....။ ခေါက်ဆွဲခြောက် ပြည်ပကို တင်ပို့ခြင်းဖြင့် ဝင်ငွေများစွာရရှိလျက်ရှိပြီး တကယ်ကို အလုပ်ဖြစ်နေပါတယ်...။ 2017 အတွင်းမှာတော့ တင်ပို့မှုအများဆုံးနှစ်အဖြစ် စံချိန်တင်လိုက်ပါပြီ...။


2017 အတွင်းမှာ ပြည်ပနိုင်ငံများကို တင်ပို့ခဲ့တဲ့ ခေါက်ဆွဲခြောက်ထုပ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ 381 သန်းခန့်ရှိခဲ့ပြီး ပြန်လည်တင်သွင်းရတဲ့ ခြောက်ဆွဲခြောက်ထုပ်တန်ဖိုးကတော့ 4 သန်းတောင် မပြည့်ပါဘူး...။ အမြတ်အစွန်းများစွာရရှိသလို တိုင်ပြည်ဝင်ငွေ ပိုတိုးစေတာပေါ့...။ တရုတ်နိုင်ငံမှ အများဆုံး ဝယ်ယူတင်သွင်းခဲ့ပြီး သူ့အနောက်မှာ အမေရိကန်၊ ဂျပန်နဲ့ ထိုင်ဝမ်တို့က အစဉ်လိုက် ရပ်တည်နေတာဖြစ်ပါတယ်...။


အရသာမျိုးစုံရနိုင်တဲ့ တောင်ကိုရီးယားခေါက်ဆွဲခြောက်တွေက အခုနှစ်ပိုင်းမှာ ပိုပြီး သိသိသာသာ ရောင်းအားတက်လာတာကို မြင်တွေရမှာပါ.... နှစ်ဆစပ်တဲ့ ခေါက်ဆွဲ စသဖြင့် အဲ့လို အထူုးအဆန်းလေးတွေလည်း ရှိတဲ့အတွက် လူငယ်တွေ ပိုလို့တောင် နှစ်ခြိုက်အားပေးခဲ့ကြတာဖြစ်ပါတယ်...။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။