ကောင်မလေးတွေကြွေတဲ့ Boy Fashion ဆိုတာ ဒီလိုလေးတွေနော်...

ကောင်မလေးတော်တော်များများသဘောကျကြတဲ့ boy fashion လေးတွေကို ဖော်ပြပေးလိုက်တယ်နော်...။ ကောင်လေးတွေအနေနဲ့လည်း ဒီဖက်ရှင်လေးတွေကိုကြည့်ပြီး လိုက်ဝတ်လို့ရသလို၊ ကောင်မလေးတွေအနေနဲ့လည်း ကိုယ့်ချစ်သူကောင်လေးကို ဒီလိုလေးတွေဝတ်ဖို့ အကြံပေးလိုက်တော့နော်...။ ဒီဖက်ရှင်လေးတွေက လူငယ်ကောင်လေးတွေနဲ့အရမ်းလိုက်ဖက်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။ အခုခေတ်ကောင်မလေးတွေကြွေတဲ့ဖက်ရှင်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒီတော့ ဘယ်လိုဖက်ရှင်မျိုးတွေလဲဆိုတာကို ကြည့်ကြည့်လိုက်ပါအုံး...။

 ၁. လက်ရှည်အင်္ကျီအဖြူလေးဝတ်မယ်ဆိုရင်တော့ ဂျင်းဘောင်ဘီနဲ့တွဲဝတ်ပြီး sneakers အဖြူရောင်လေးစီးတာက ပိုပြီးဖက်ရှင်ကျတယ်နော်။

 ၂. တီရှပ်ခဲရောင်လေးဝတ်မယ်ဆိုရင် ဂျင်းဘောင်းဘီနဲ့တွဲဝတ်တာထက် ဒီလိုဘောင်းဘီလေးနဲ့တွဲဝတ်တာက ဖက်ရှင်ပိုကျစေပါတယ်။

 ၃. ကောင်မလေးတွေကြွေတဲ့ဖက်ရှင်ထဲမှာ ဒီဖက်ရှင်လေးလည်းပါတယ်နော်...။ ကိုရီးယားဖက်ရှင်လေးပေါ့...။

 ၄. Hoodie ကိုဝတ်တဲ့အခါမှာလည်း အရောင်နုတာလေးနဲ့ ဘောင်းဘီအနက်ရောင်လေးကိုတွဲဝတ်တာ ပိုပြီးလူငယ်ဆန်စေပါတယ်။ sneakers အဖြူလေးစီးဖို့လည်း မမေ့နဲ့နော်။

 ၅. ဘောင်းဘီအတိုလေးတွေကို တီရှပ်လေးတွေနဲ့တွဲဝတ်ပြီး sneakers အဖြူလေးစီးလိုက်မယ်ဆိုရင်တော့ အခုခေတ်ကောင်မလေးတွေ အရမ်းကြွေတဲ့ဖက်ရှင်လေး ဖြစ်သွားပြီနော်။

၆. နောက်ပိုင်းခေတ်စားလာတဲ့ အင်္ကျီအစင်းလေးတွေကိုလည်း ဒီလိုဂျင်းဘောင်းဘီလေးတွေနဲ့တွဲဝတ်ပြီး sneakers အဖြူလေးစီးတာမျိုးက အရမ်းချစ်စရာကောင်းပြီးလူငယ်ဆန်တဲ့ဖက်ရှင်လေးပါ။

၇. ဒီလိုပေါ့ပေါ့ပါးပါးဖြစ်စေတဲ့တီရှပ်လေးတွေကို ဂျင်းဘောင်းဘီအပြဲလေးတွေနဲ့တွဲဝတ်ပြီး sneakers အဖြူရောင်လေးသာစီးလိုက်ပါ။ ပိုကြည့်ကောင်းပြီး လူငယ်ဆန်ဆန်လေးဖြစ်သွားမှာနော်။

. ကိုရီးယားစတိုင်လ် ဒီလိုဖက်ရှင်လေးကလည်း ကောင်မလေးတွေသဘောကျတဲ့ဖက်ရှင်လေးပဲနော်။

 ၉. ဒီဖက်ရှင်လေးဆိုလည်း ပေါ့ပေါ့ပါးပါးနဲ့ freestyle ဖက်ရှင်လေးပါ။ အသားဖြူတဲ့ကောင်လေးတွေနဲ့ဆို အရမ်းကြည့်ကောင်းနေမှာအမှန်ပဲနော်။

 ၁၀. ဒီလိုဖက်ရှင်လေးနဲ့ ဆွယ်တာအနွေးထည်လေးထပ်ဝတ်ပြီး sneakers လေးသာစီးလိုက်မယ်ဆိုရင်တော့ ကောင်မလေးတွေအရမ်းကိုကြွေသွားမှာအမှန်ပါပဲ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။