
ချစ်စရာအကောင်းဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့မျိုးကောင်းမျိုးသန့်အိမ်မွေးခွေး (၁၀) ကောင်
Puppy အားလုံးကတော့ ချစ်ဖို့ကောင်းကြတာချည်းပါပဲ။ ဒါပေမဲ့ အဲ့ထဲမှာမှ တစ်ချို့ ခွေးလေးတွေက ပြောမပြတတ်အောင်ပဲ သူတို့ပုံလေးတွေက အရမ်းချစ်ဖို့ကောင်းကြတယ်။ ဒါကြောင့်လဲ သူတို့က greeting cards, commercials နဲ့ တခြား marketing materials တွေမှာ popular အရမ်းဖြစ်ကြတာကိုတွေ့ရပါတယ်...။
အခု အဲ့ခွေးလေးတွေထဲကမှ ချစ်စရာအကောင်းဆုံးအဖြစ်သတ်မှတ်ခြင်းခံရတဲ့ puppy လေး (၁၀) ကောင်ကို ပြောပြပေးသွားမှာပါ...။
1. English Bulldog
သူ့ရဲ့ရုပ်ဆိုးဆိုးဝဝပုပုနဲ့ပုံလေးကပဲ အရမ်းချစ်စရာကောင်းနေတာပါ။ အတွန့်တွေအများကြီးရှိပြီး ဆောင့်ကြောင့်ထိုင်လိုက်တာနဲ့ အတွန့်လေးတွေကပိုပေါ်လာတယ်။ အဲ့အချက်နဲ့ သူတို့ပုံစံလေးတွေကပဲ လူသားတွေကို melt ဖြစ်စေတာပါ။ ဒါကြောင့်လဲ bulldog လေးတွေက greeting card တွေနဲ့ print advertisements တွေမှာ အရမ်း popular ဖြစ်လာကြတယ်...။
2. Golden Retriever
Golden puppy လေးတွေက လူတိုင်းကို ပြုံးအောင်လုပ်နိုင်လို့ commercials တွေမှာ အရမ်းသုံးတာတွေ့ရပါတယ်။ သူတို့က လိမ္မာတဲ့ခွေးလိမ္မာလေးတွေပါ။ အရမ်းချစ်စရာကောင်းတဲ့ သူတို့ရဲ့မျက်နှာလေးကလဲ လူတွေကိုဆွဲဆောင်နိုင်တာပါ...။
3. Labrador Retriever
သူတို့ကိုတော့ rolly-polly body လေးနဲ့ sweet face ပိုင်ရှင်လေးတွေဆိုပြီး တင်စားကြတယ်...။
4. Corgi
သေးငယ်ပြီး တိုတဲ့ခြေထောက်တွေ၊ သူ့တို့ခန္ဓာကိုယ်နဲ့မလိုက်အောင် ကြီးနေတဲ့နားရွက်တွေ၊ ဖင်လုံးလုံးလေးနဲ့ corgi puppy လေးတွေက တကယ်ကိုချစ်ချင်စရာလေးပါပဲ။ သူ့ပုံစံလေးက တစ်ယောက်ယောက်များမြင်သွားရင် ချက်ချင်းကိုချစ်မိမှာ အမှန်ပါပဲ...။
5. French Bulldog
သူ့ပုံစံက Pug တို့ English Bulldog တို့နဲ့တူပါတယ်။ အမှီးတိုတို၊ နားရွက်ကြီးကြီးနဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးပါပဲ...။
6. Pomeranian
Puppy အတိုင်းပဲ ဒီ breed က teddy bear အသေးစားလေးနဲ့တူတယ်။ သူတို့ရဲ့အမွှေးဖွာဖွာလေးတွေ၊ အရမ်းသေးကွေးတဲ့ နားလေးတွေ နဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် မြင်လိုက်တာနဲ့ မပွေ့ဖက်ပဲကို မနေနိုင်အောင်ပါပဲ...။
7. Cavalier King Charles Spaniel
သူတို့က နားရွက်ရှည်ရှည်လေးတွေနဲ့ သူတို့ရဲ့ပိုင်ရှင်ကို အမြဲဝမ်းနည်းနေတဲ့ အကြည့်လေးတွေနဲ့ကြည့်တယ်။ သူတို့ရဲ့အဲ့လိုဖြစ်နေတဲ့ ရုပ်လေးကို ဘယ်သူကမှမချစ်ပဲမနေနိုင်ပါဘူး...။
8. Saint Bernard
ဝမ်နည်းနေတဲ့မျက်လုံးလေးတွေနဲ့ ကြီးမားတဲ့ ခြေဖဝါး၊ လက်ဖဝါးလေးတွေရှိပြီး ခန္ဓာကိုယ်ကို နူးညံ့တဲ့အမွှေးတွေနဲ့ ဖုံးအုပ်ထားတယ်။ နောက်ပြီး Saint Bernard puppy တွေက giant breed တွေထဲမှာ ချစ်စရာအကောင်းဆုံး puppy တစ်ကောင်လဲဖြစ်တယ်...။
9. Basset Hound
ဒီ puppy က တစ်ကိုယ်လုံးပုပုတိုတိုလေး...။ ခြေထောက်မှာ အတွန့်လေးတွေရှိပြီး အရမ်းကြီးတဲ့ နားရွက်လည်းရှိတယ်။ နောက်ပြီး ဝမ်းနည်းနေတဲ့မျက်လုံးလေးတွေနဲ့...။ သူတို့ရဲ့ ကြီးမားတဲ့နားရွက်တွေက ဘယ်လောက်တောင် soft ဖြစ်လဲဆိုရင် ပြောမပြတတ်အောင်ပါပဲ။ သူတို့ပုံစံလေးတွေက ငြင်းရက်စရာမရှိအောင်ကို ချစ်ဖို့ကောင်းနေတာတော့ အသေအချာပါပဲ...။
10. Pug
သူတို့ရဲ့မျက်လုံးတွေက ပုံမှန်မဟုတ်သလိုပဲ တစ်ခုခုကိုကြောက်လန့်နေတဲ့ပုံစံမျိုးလေးပါ။ သူတို့ရဲ့ bug-eyes, smooched face နဲ့ curly tail တွေကပဲ လူတွေရဲ့နှလုံးသားကို အရည်ပျော်စေတာလို့ တင်စားကြပါတယ်...။