သင့်အသားကိုတစ်လအတွင်းဖြူစင်သွားစေမယ့် အာလူးနဲ့ပေါင်းတင်နည်း…

     အသားလေးတွေဖြူစင်ဖို့ဆိုတာက မိန်းကလေးတိုင်းလိုချင်တဲ့အရာတစ်ခုပါပဲ…။ မိန်းကလေးတစ်ယောက်က အသားအရေလေးလှပနေမှ ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ဖြစ်မှာပါ…။ အသားအရေလေးကို အချိန်တိုအတွင်းမှာ အသားတွေဖြူစင်စေဖို့အတွက် အာလူးကကူညီပေးနိုင်တယ်ဆိုတာရော သိရဲ့လား…။

     သင့်အသားတွေကိုအချိန်တိုအတွင်းမှာ သဘာဝနည်းလမ်းတွေနဲ့ပဲ ဖြူစင်အောင်လုပ်လို့ရမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်…။ အာလူးကတော့ သင့်အသားအရေကို အချိန်တိုအတွင်းမှာ ဖြူစင်အောင်လို့ ပြုလုပ်ပေးနိုင်ပါတယ်…။

      ပြုလုပ်ရမယ့်နည်းလမ်းလေးကတော့ အာလူးအကြီးတစ်လုံးကို လေးစိတ်စိပ်ပြီး ရေနွေးနဲ့ပြုတ်ပေးရပါမယ်…။ ပြီးရင်တော့ အခွံခွာလိုက်ပြီး ကြေညက်သွားအောင်ချေပေးလိုက်ပါ…။ ချေပြီးသွားတဲ့ အာလူးထဲကို ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၃ ဇွန်းထည့်ပြီး ရောမွှေပေးလိုက်ပါ…။ ပြီးရင်တော့ ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး နှံ့စပ်သွားအောင်ရောမွှေပေးလိုက်ပါ…။ အနှစ်တွေရလာပြီဆိုရင်တော့ သန့်စင်ပြီးတဲ့လက်ပေါ်မှာ ပွတ်လိမ်းပေးပြီး နှိပ်နယ်ပေးလိုက်ပါ…။ နာရီဝက်လောက်ထားပြီးသွားမှ လက်ကိုရေနဲ့ပြောင်စင်အောင် ဆေးချလိုက်မယ်ဆိုရင်တော့ နဂိုအသားအရေထက် ကြည်လင်ပြီးဖြူစင်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်…။

     ဒီနည်းလမ်းလေးကို တစ်ပတ်မှာ နှစ်ကြိမ်လောက်လုပ်ပေးမယ်ဆိုရင်တော့ သင့်အသားအရေကို ကြည်လင်ပြီးဖြူစင်လာစေမှာ လက်တွေ့ပဲနော်…။ အလှကြိုက်တဲ့ပျိုမေတွေအတွက်တော့ ဒီနည်းလမ်းလေးက ထိရောက်ပြီး ဘေးအန္တရာယ်လည်းကင်းတာကြောင့် အားလုံးနဲ့အဆင်ပြေမယ်လို့ထင်ပါတယ်နော်…

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။