ကျောင်းပိတ်လို့မြန်မာနိုင်ငံကို အလည်ပြန်ရောက်လာတဲ့ ယွန်းဝတီလွင်မိုး…။

မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ လွင်မိုးရဲ့သမီးကြီးဖြစ်သူ ယွန်းဝတီလွင်မိုး (ခေါ်) ခေးခေးဟာဆိုရင် သြစတေးလျမှာကျောင်းတက်နေပြီး အခုကျောင်းခဏပိတ်လို့ ရန်ကုန်ကိုပြန်ရောက်နေပါတယ်…။

သူမအနေနဲ့ သရုပ်ဆောင်ပိုင်းကိုတော့ လှုပ်ရှားမှုမရှိသေးပါဘူး…။ သူမရဲ့ဝါသနာကတော့ Photo Model တစ်ယောက်ဖြစ်ချင်တာပါတဲ့…။

ရုပ်ရှင်သရုပ်ဆောင် လွင်မိုးကလည်း သူမဝါသနာပါတာကိုပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲလို့ အင်တာဗျူးတစ်ခုမှာပြောပြထားပါတယ်…။ ယွန်းဝတီလွင်မိုးအနေနဲ့လည်း စီးပွားရေးကိုပဲပိုပြီး စိတ်ဝင်စားပါတယ်တဲ့…။

သူမအနေနဲ့လည်း ရန်ကုန်ကိုမကြာခဏ ပြန်လာဖြစ်မှာပါလို့လည်း ကျောင်းသွားမတက်ခင်ထဲကပြောပြခဲ့ပါတယ်…။

အခုရန်ကုန်ပြန်ရောက်တဲ့အခါမှာလည်း သူအမေရဲ့ပန်းဆိုင်ဖြစ်တဲ့ The Florist by Yun ဆိုတဲ့ဆိုင်ကပန်းလေးတွေနဲ့ ဓာတ်ပုံလေးတွေလည်းရိုက်ပြီး တင်နေတာတွေ့ရပါတယ်…။

ပန်းတွေနဲ့အပြိုင်လှနေတဲ့ ယွန်းဝတီလွင်မိုးရဲ့ ဓာတ်ပုံတွေကတော့ သူမရဲ့ ဖန်တွေအကြိုက်ပဲပေါ့…။

ယွန်းဝတီလွင်မိုးအနေနဲ့ အသက်အားဖြင့်လည်း ၁၈နှစ်ပြည့်ပြီးလို့ နိုင်ငံခြားမှာ ကျောင်းသွားတက်နေပြီ ဖြစ်တဲ့အတွက်ကြောင့် အချစ်ရေးကိစ္စလေးတွေလည်း ရှိလာပြီလေ…။

သူမရဲ့ချစ်သူကိုလည်း လူမသိအောင်တွဲနေတာမျိုးမလုပ်ပဲ ပွင့်ပွင့်လင်းလင်းပဲနေပါတယ်…။ Instagram မှာ သူမချစ်သူနဲ့ပုံတွေကိုလည်း တင်နေတာတွေ့မြင်ရမှာပါ…။

သူမကိုချစ်တဲ့ ယောကျ်ားလေးပရိသတ်တွေအတွက်ကတော့ ဝမ်းနည်းစရာပေါ့…။

ယွန်းဝတီလွင်မိုးရဲ့ ဓာတ်ပုံတွေအောက်မှာ လူငယ်ကောင်လေးတွေက အပျော်သဘောအနေနဲ့ Comment လေးတွေသွားပေးကြတာကလည်း Trend တစ်ခုလိုဖြစ်လာပါတယ်...။

ကဲ…  ချစ်စရာကောင်းတဲ့ ယွန်းဝတီလွင်မိုးလေးကို အားပေးကြပါအုံးနော်…။