ရင့်ကျက်လှပပြီး ထက်မြက်တဲ့ Single ကောင်မလေးတွေဆီမှာတွေ့ရနိုင်တဲ့အချက် ( ၈ ) ချက်

ဒီအတွက်အဖြေတော်တော်များများရှိကြတယ်။ ရှိသလို မှန်လည်းမှန်တဲ့အဖြေတွေပါ။ အဲဒီတော့ပိုပြီး ပြည့်စုံသွားအောင် ချောချောလှလှမိန်းကလေးတွေအနေနဲ့ဘာကြောင့် Single ဖြစ်နေရတယ်ဆိုတဲ့အချက်လေးတွေကို Admin က Analysis လုပ်ကြည့်လိုက်တဲ့အခါ ….

( ၁ ) ဟော့ဟော့ရမ်းရမ်းမနေတတ်ကြဘူး


တစ်ယောက်တည်းဖြစ်နေတဲ့ Single ကောင်မလေးအတော်များများအဲဒီလိုမရှိကြဘူး။ သူတို့အနေနဲ့ ပျော်ရွှင်မှု ဆိုတာနဲ့ ဟော့ဟော့ရမ်းရမ်း ဆိုတာကိုကွဲကွဲပြားပြားသိတတ်ကြသလို အဲဒီလို ဟော့ရမ်းနေတတ်တဲ့စရိုက်ဟာ မကောင်းတဲ့အကျိုးဆက်တွေဆီဦးတည်သွားနိုင်တယ်ဆိုတာကိုသိကြတယ်။

( ၂ ) အသည်းတစ်ခြမ်းလို့မပြောတတ်ကြဘူး


သူတို့တွေအနေနဲ့ ချစ်မှုရေးရာကိစ္စတွေကို တစ်ခြားသူတွေလောက်စိတ်ဝင်စားမှုမရှိတာအသေအချာပဲ။ Single ဘဝဟာ အချုပ်အနှောင်ကင်းပြီး လွတ်လပ်တယ်ဆိုတာကို သိနေတဲ့သူတစ်ယောက်အဖို့ သူတို့ရဲ့အသည်းတစ်ခြမ်းလို့တင်စားတဲ့အရာတွေဟာ သူမရဲ့ဖုန်းလေးဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ကိုရီးယားအမျိုးသားအဆိုတော်ချောချောလေးဖြစ်ရင်ဖြစ် အဲလိုမှမဟုတ်ရင်တော့ သူမမွေးထားတဲ့ခွေးလေးပဲဖြစ်မှာ။

( ၃ ) ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးတွေရှိတတ်တယ်


Single ဖြစ်နေတဲ့အတွက် အနည်းဆုံးတော့ မိဘ နဲ့ ကိုယ့်ကိုကိုယ်ကလွဲရင်ပူစရာသိပ်မရှိ။ မရှိတဲ့အတွက် သူမရဲ့ စိတ်လေးဟာအမြဲတမ်းကြည်လင်နေတတ်တယ်။ စိတ်ကြည်လင်လန်းဆန်းပြီး နေ့တိုင်းဟာပျော်စရာတွေဖြစ်နေတဲ့အတွက် Single ကောင်မလေးတွေမှာ အကောင်းမြင်စိတ်၊ စာနာတတ်တဲ့စိတ်၊ ဟာသဉာဏ်၊ ရယ်မောခြင်း နဲ့ တက်ကြွရွှင်လန်းတာတွေဟာ သူများတွေထက်ပိုရင်တောင်ပိုနေတတ်ပါတယ်။

( ၄ ) သူငယ်ချင်းတွေအပေါ်သစ္စာရှိတယ်


သေချာပါတယ်။ ကောင်လေးတစ်ယောက်ချဉ်းကပ်လာလို့ သူငယ်ချင်းတွေကအရေးမပါတော့သလိုလုပ်မယ့်သူမဟုတ်ပါဘူး။ သူငယ်ချင်းတွေဟာ ချစ်သူထက်ပိုပြီးတန်ဖိုးရှိတယ်လို့ခံယူတတ်ကြသလို၊ ချစ်သူဆိုတဲ့အရာဟာ စားစရာမုန့်တစ်ခုလောက်တောင်အရေးမကြီးဘူးလို့ထင်မြင်တတ်ကြသူတွေပေါ့။

( ၅ ) နံပါတ်တစ်


Single Girl လေးတွေရဲ့ခေါင်းထဲမှာ ရှိနေတာတွေကိုတန်းစီချပြပါဆိုရင် နံပါတ်တစ်က အစားအသောက်၊ နံပါတ် နှစ်က အစားအသောက်နဲ့ နံပါတ်သုံးကလည်း အစားအသောက်ပါပဲ။ သောကြာနေ့ညမှာ သူငယ်ချင်းတွေနဲ့စုပြီးပျော်ပျော်ပါးပါးစားသောက်ကြ၊ နောက်တစ်နေ့မှာလည်း ရှော့ပင်းစင်တာထဲပတ်ပြီး ဘာဝယ်စားရင်ကောင်းမလဲတွေးနေတတ်ကြတယ်။

( ၆ ) ရည်မှန်းချက်ကြီးတယ်


ထက်မြက်တဲ့၊ တော်တဲ့ အမျိုးသမီးတွေဖြစ်လို့ သူတို့အတွက် ချစ်ရေးချစ်ရာကိစ္စတွေထက်စာရင် ရှေ့ဆက်ရမယ့်အစီအစဉ်တွေ၊ အလုပ်တွေ၊ မွမ်းမံသင်တန်းတွေ၊ ဘယ်အချိန်ရောက်ရင်ဘာဖြစ်နေရမယ် ဆိုတဲ့ရည်မှန်းချက်တွေတန်းစီပြီးရှိနေတတ်ပါတယ်။

( ၇ ) တခြားသူတွေရဲ့ထင်မြင်ချက်ကိုဂရုမစိုက်တတ်ဘူး


သူတို့ဟာ တခြားသူတွေကိုပျော်ရွှင်ကျေနပ်အောင်လုပ်ပေးဖို့မွေးလာတာမဟုတ်တဲ့အတွက် သူများတွေသူ့ကိုဘာပြောပြော၊ ဘယ်လိုပဲကဲ့ရဲ့ပါစေ၊ ကိုယ်မှန်တယ်ထင်တာကိုပဲဦးတည်ပြီးလုပ်လေ့ရှိကြတယ်။ အဲ့ဒါကြောင့်လည်းတစ်ခါတစ်လေကျရင် ဂျစ်ကန်ကန်တွေလို့ထင်ရတတ်ပါတယ်။

( ၈ ) အရိုင်းလေးတွေ


သူတို့ကိုဘာလုပ်၊ ဘယ်လိုနေ၊ ဘယ်လိုဝတ်ပြီး ဘာကိုပဲစားလို့သွားပြောဖို့မစဉ်းစားပါနဲ့။ သူတို့ဘဝရဲ့သခင်ကိုယ်တိုင်ဟာ သူတို့ပဲလို့ခံယူထားတတ်တဲ့အတွက် အဲဒီလိုပြောဆိုတာဟာ ချုပ်ချယ်တာနဲ့အတူတူပဲလို့ မှတ်ယူတတ်ကြပါတယ်။

Gabriel



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။