အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေတွက် ကြက်ဥအကာနဲ့ ပေါင်းတင်နည်း…

     အဆီပြန်တဲ့ အသားအရေကိုပိုင်ဆိုင်ထားရတဲ့သူတွေက မျက်နှာမှာဝက်ခြံပေါက်ဖို့ အခြေအနေပိုများစေပါတယ်…။ မျက်နှာမှာအဆီဓာတ်ရှိနေတာက ကောင်းတယ်ဆိုပေမယ့်လည်း အဆီအရမ်းပြန်လွန်းတဲ့အခါကျတော့လည်း အဆင်မပြေတာတွေဖြစ်တတ်ပါတယ်…။

အဆီပြန်လွန်းတဲ့အသားအရေက မိတ်ကပ်သားကြာရှည်မခံတဲ့ ပြဿနာကိုတော့ ကြုံတွေ့နေကြဖြစ်မှာပါ…။ ဒါကြောင့် ပါဝင်ပစ္စည်းနှစ်မျိုးထဲနဲ့ သင့်မျက်နှာဖြစ်နေတဲ့ အဆီပြန်လွန်းတဲ့ ပြဿနာတွေကို အချိန်တိုအတွင်းမှာ ဖြေရှင်းပေးနိုင်မယ့်နည်းလမ်းလေးကို ပျိုမေတို့အတွက်ဖော်ပြပေးလိုက်ပါတယ်နော်…။

နည်းလမ်းလေးမှာတော့ ကြက်ဥနဲ့ ရှောက်သီးပဲလိုအပ်ပါတယ်နော်…။ ကြက်ဥတစ်လုံးကို ခွဲပြီး အကာကိုယူမှာဖြစ်ပါတယ်…။ ပြီးရင်တော့ ကြက်ဥအကာထဲကို ရှောက်သီးအရည်အနည်းငယ်လောက်ညစ်ထည့်ပေးရမှာပါ…။ ရှောက်သီးအရည်ကို ကြက်ဥအကာထဲကို ညစ်ထည့်ပေးမှ ကြက်ဥမှာရှိတဲ့ အညှီနံ့တွေကိုပျောက်ကင်းစေမှာပဲဖြစ်ပါတယ်…။ ဒီပေါင်းတင်နည်းလေးကို လုပ်တော့မယ်ဆိုရင် သင့်မျက်နှာအသားအရေကို သန့်စင်နေအောင်အရင်ထားထားသင့်ပါတယ်…။ မျက်နှာသစ်တဲ့အခါမှာလည်း ရေနွေးနွေးလေးနဲ့သစ်ပေးမယ်ဆိုရင် သင့်မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကိုပွင့်သွားစေမှာပဲဖြစ်ပါတယ်…။

ဘယ်လိုပြုလုပ်ရမလဲဆိုတော့ ကြက်ဥအကာထဲကိုရှောက်သီးထည့်ပြီး  လက်ချောင်းလေးတွေနဲ့ မွှေပေးလိုက်ပါ…။ ပြီးမှာ သင့်မျက်နှာအသားအရေကို ပွတ်လိမ်းပေးလိုက်ပါ…။ မျက်နှာအသားအရေပေါ်မှာ နှံ့စပ်အောင်လိမ်းပြီးပြီဆိုရင်တော့ နာရီဝက်လောက်ထားပြီးမှ မျက်နှာကိုသစ်ပေးလိုက်ပါနော်…။ ဒီနည်းလမ်းလေးကို တစ်ပတ်တစ်ခါပြုလုပ်ပေးမယ်ဆိုရင်တော့ သင့်မျက်နှာအသားအရေကို နူးညံ့ချောမွေ့ပြီး အဆီပြန်တဲ့အသားကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။