Taylor Swift ရဲ့ကြောင်လေး ဘယ်သူဖြစ်ချင်လဲ?

တစ်ကမ္ဘာလုံးက ပရိသတ်တွေ နှစ်သက်ကြတဲ့တေးသံရှင် Taylor Swift ဟာ သူမရဲ့ကြောင်မလေးကို အရမ်းချစ်တယ်ဆိုတာကို  သက်သေပြလိုက်ပါပြီ။ သူမ ကြောင်မလေးအတွက် လိုအပ်တာတွေမှန်သမျှ ဖြည့်ဆည်းပေးသလို ကြောင်မလေးရဲ့ ကျန်းမာရေးကိုလည်း အမြဲတမ်းဂရုတစိုက်စောင့်ကြည့်ပေးတယ်လို့လည်း သူမကပြောပါတယ်။ ကြောင်မလေးရဲ့နာမည်ကတော့ Olivia ပါ။

Taylor ဟာ သူမမှာ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေရှိရင်လည်း သူမရဲ့ကြောင်လေးကို အမြဲရင်ဖွင့်စကားပြောလေ့ရှိသလို သူမရဲ့ကြောင်မလေးဟာ သူမဘဝရဲ့မရှိမဖြစ်လိုအပ်တဲ့ အကောင်းဆုံးအဖော်အမွန်တစ်ဦး ဖြစ်တယ်လို့လည်း သူမကပြောခဲ့ပါတယ်။

သူမဘယ်သွားသွား သူမရဲ့ကြောင်မလေးကို အမြဲတမ်းခေါ် သွားလေ့ရှိပါတယ်။
အပြင်သွားရတယ်ဆိုတော့ စိတ်ဝင်တစားနဲ့အပြင်လောကကို ကြည့်နေတဲ့ Olivia ရဲ့ရုပ်လေးက ချစ်စရာလေး။

ဇိမ်ခံတတ်တဲ့နေရာမှာလည်း  သူ့အပြင်နှစ်ယောက်မရှိဘူးနော်။

သူမရဲ့ကြောင်လေးကိုလည်း အခြားသော ခွေးတွေ ကိုက်မှာစိုးလို့တဲ့ အပြင်သွားတိုင်း ကြောင်ထည့်တဲ့အိတ်ထဲထည့်ပြီး ခေါ်သွားလေ့ရှိပါတယ်။ Taylor ရယ် အရမ်းအကဲပိုတာပဲနော်။

ဒါ့အပြင် Blank Space သီချင်း MTP မှာလည်း သူမရဲ့ ကြောင်လေးကိုပါ ပါဝင်သရုပ်ဆောင်ခိုင်းတာကိုလည်းတွေ့ရသလို ခြေထောက်မှာလည်း ကြောင်ကုတ်ထားတဲ့ ဒဏ်ရာကိုလည်း တွေ့ရမှာပါ။  ကဲ Taylor ရယ် အခုတော့ ကြောင်ကုတ်ခံရပြီမလား။

ဒါ့အပြင် နာမည်ကြီးအနုပညာရှင်တွေ ဖြစ်ကြတဲ့ Ed Sheeran နဲ့ Gigi Hadid တို့နဲ့လည်း ထိပ်တိုက်တွေ့ရပြီး ကြင်နာနွေးထွေးမှုတွေကိုလည်း အပြည့်အဝရရှိတာကြောင့် ကြောင်မလေးကိုတောင် မနာလိုဖြစ်မိပါတယ်။ Taylor ဟာ သူ ဘယ်ဖိနပ်စီးရမှန်းမသိရင် သူမရဲ့ ချစ်လှစွာသော ကြောင်မလေးကို ရွေးခိုင်းတယ်လို့လည်း ပြောပါတယ်။ ပိုပြီးကံကောင်းတာကTaylor ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကိုလည်း စီးဖူးတဲ့ကြောင်မလေးဖြစ်ပါတယ်။

ဒါလေးကတော့ တကယ်ကိုချစ်စရာကောင်းတဲ့ အပြု အမူလေးပါဘဲ။ Taylor ရဲ့ ဆုလေးကို စားစရာထင်ပြီး စားနေတဲ့ပုံစံလေးက ချစ်စရာကောင်းသလို Taylor နဲ့ ချစ်ချစ်ခင်ခင် ကြည်ကြည်နူးနူးနေတဲ့ ပုံစံလေးက Taylor ရဲ့ ပရိသတ်တွေအတွက် တကယ်ကိုမနာလို စရာလေးပါ။