ဖိနပ်ခရေဇီတွေအတွက် ပဲရစ်မှာလူကြိုက်များတဲ့ ဖိနပ်လေးတွေ

ဖိနပ်ခရေဇီတွေအတွက် ပဲရစ်မှာ လူကြိုက်များပြီး မင်္ဂလာဆောင်ရင်အများဆုံးစီးကြတဲ့ ဖိနပ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တော်တော်များများကတော့ အပြာရောင်ဖိနပ်လေးတွေမို့ အပြာရောင်ကို ခရေဇီဖြစ်တဲ့သူတွေအတွက်တော့ ကွက်တိပဲပေါ့။ သူ့ရဲ့စျေးနှုန်းနဲ့ ဒီဇိုင်းပုံလေးတွေကို ကြည့်ကြရအောင်...။

“Manolo Blahnik” က “Hangisi Satin 115mm Crystal-Toe Pump” ဖိနပ်လေးပါ။ ဒေါက်အမြင့်ကတော့ (၄.၅) လက်မ ဖြစ်ပြီး သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ (၉၆၅) ရှိပါတယ်...။

                        

“SJP” က ဖိနပ်အမြင့်တွေကြားမှာ အရမ်းချစ်ဖို့ကောင်းနေတဲ့ “Sarah Jessica Parker Carrie Satin Point-Toe Flats” လေးပါ။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ (၃၅၅) ပါ...။

“Badgley Mischka” က ဒေါ်လာ (၂၅၅) တန်ဖိုးရှိတဲ့ “Glamour Crystal Embellished Pointy Toe Pump” လေးပါ။ ဒေါက်အမြင့်က (၃) လက်မ ရှိတာပါ...။

“Balenciaga” က စျေးအရမ်းကြီးတဲ့ “Sequin-Embellished Satin Pumps” လေးပါ။ ဒေါက်အမြင့် (၄.၅) လက်မ ရှိပြီး သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ (၂၈၅၀) ရှိပါတယ်...။

“Schutz” က ဒေါ်လာ (၅၁) ရှိတဲ့ “Milady Sandals” လေးပါ။ မိုးပြာရောင်အနုလေးလည်းဖြစ်တယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ စျေးလည်းအရမ်းမကြီးတဲ့ဖိနပ်လေးပါပဲ...။

ဒေါ်လာ (၆၇၅) တန်ဖိုးရှိတဲ့ “Jimmy Choo Romy 60” ဖိနပ်လေးပါ...။

“Zara” က ဒေါ်လာ (၇၀) တန်ဖိုးရှိတဲ့ “Satin high Heel Shoes with Straps” လေးပါ...။

“Topshop” က “Goldy Slingback Courts” ဖိနပ်လေးပါ။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ (၁၀၀) ပါ...။

“Christian Louboutin” က စျေးများတဲ့ ဒေါ်လာ (၂၉၉၅) တန် “Demi You Strass” ဖိနပ်လေးပါ...။

“Kate Spade” က ချစ်စရာကောင်းတဲ့ “Sela Heels” လေးပါ။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ (၂၉၈) ရှိပါတယ်...။

“Rene' Cavilla” က ဒေါ်လာထောင်ကျော်တဲ့ “Suede Slingbacks with Rhinestones” ဖိနပ်လေးပါ။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ (၁၃၆၀) ရှိပါတယ်...။

“Tabitha Simmons” က ဒေါ်လာ (၇၂၅) တန်ဖိုးရှိတဲ့ “Lula” ဖိနပ်လေးပါ...။

“Vince Camuto” က “Imagine Vince Camuto Olive Embellished Satin Pump” လေးပါ။ သူရဲ့တန်ဖိုးကတော့ ဒေါ်လာ (၁၈၀) ရှိတာပါ...။