အိမ်မှာ အလွယ်တကူလုပ်စားလို့ရတဲ့ မန္တလေး ထမင်းသုပ်


ဒီတစ်ခါမှာလည်း အိမ်မှာ အလွယ်တကူလုပ်စားလို့ရတဲ့ မန္တလေးထမင်းသုပ်လုပ်နည်းလေးကို ပြောပြပေးမယ်နော်။ မန္တလေးအထိတောင်သွားဝယ်စားစရာမလိုပါဘူး။ ကိုယ့်ဘာသာကို အိမ်မှာ အလွယ်တကူ လုပ်စားလို့ရတယ်နော်။ ဒီတော့ ပါဝင်ပစ္စည်းလေးတွေနဲ့ လုပ်နည်းလေးကို ပြောပြပေးမယ်နော်။


ပါဝင်ပစ္စည်းလေးတွေကတော့
၁. ထမင်း ( မိမိနှစ်သက်သလောက် )
၂. ပဲပုတ်ထောင်း ( စားပွဲတင်ဇွန်း ၁ ဇွန်း )
၃. ကြက်သားမှုန့် ( အနည်းငယ် )
၄. ငါးငံပြာရည် ( အနည်းငယ် )
၅. မန်ကျည်းသီးမှည့်အနှစ် ( အနည်းငယ် )
၆. မြေပဲကြော် ( အနည်းငယ် )
၇. ပဲပြားကြော် ( အနည်းငယ် )
၈. ကြက်သွန်နီဆီချက် ( အနည်းငယ် )
၉. ပဲကြာဇံ ( အနည်းငယ် )
၁၀. ငရုပ်သီးဆီချက်အနှစ် ( အနည်းငယ် )


ပြုလုပ်ပုံ အဆင့်ဆင့်
၁. ဘာမှမခက်ပါဘူး။ ပါဝင်ပစ္စည်းတွေ အကုန်လုံးကို ဇလုံကြီးကြီး တစ်လုံးထဲမှာ ထည့်ပြီးနယ်လိုက်ရုံပါပဲ။ ဒါဆိုရင် အရသာရှိတဲ့မန္တလေးထမင်းသုပ်ကောင်းကောင်းလေးကို စားလို့ရပါပြီနော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။