ဝိတ်ကျချင်သူတွေအတွက် မဖြစ်မနေလုပ်ရမယ့်အရာတွေကတော့…

ပျိုမေတို့အတွက် ဝိတ်ကျဖို့အတွက်ဆိုရင်တော့ နည်းလမ်းလေးတွေတော့ အများကြီးရှိပါတယ်…။ နည်းလမ်းတွေအများကြီးရှိပေမယ့် ကိုယ်လုပ်တဲ့နည်းလမ်းတွေက မှန်ကန်ပြီး သေချာလေးလိုက်လုပ်နိုင်မှလည်း ထိရောက်တဲ့အကျိုးကျေးဇူးတွေကို ရရှိမှာပဲဖြစ်ပါတယ်…။

သင်ကတကယ်ဝိတ်လျော့ဖို့စဉ်းစားပြီး လိုက်လုပ်ဖြစ်နေပြီဆိုရင်တော့ သင်ရဲ့တစ်နေ့တာမှာ လိုက်ကိုလုပ်သင့်တဲ့ အရာတွေရှိနေပါတယ်…။ မနက်ထဲကနေ သင်အိပ်ရာဝင်တော့မယ့်အချိန်တွေထိ ဒီအချက်တွေကိုလိုက်လုပ်ပေးမယ်ဆိုရင်တော့ သင့်ကိုဝိတ်ကျဖို့ ပိုပြီးအထောက်အကူဖြစ်နေစေမှာပဲဖြစ်ပါတယ်နော်…။

- ၆ နာရီ…

မနက် ၆နာရီမှာတော့ လူတိုင်းနိုးနေကြပြီပဲဖြစ်ပါတယ်…။ မနက်ပိုင်း ကျောင်းတွေ၊ ရုံးတွေသွားခါနီး အိပ်ရာကနေနိုးလာတဲ့အချိန်မှာ ဘာမှမလုပ်သေးပဲ ရေတစ်ခွက်ကိုကောင်းကောင်းသောက်ပေးလိုက်ပါနော်…။

- ၇ နာရီ…

အပြင်သွားဖို့ပြင်ဆင်ပြီး သင့်ရဲ့မနက်စာကို အာဟာရဓာတ်ပြည့်ဝစွာနဲ့စားပေးသင့်ပါတယ်…။ မနက်ပိုင်းမှာထဲက သင့်မနက်စာကို အာဟာရပြည့်ဝစွာစားပေးသင့်ပါတယ်…။

- ၈ နာရီ…

မနက် ၈ နာရီမှာတော့ သင်အလုပ်သွား၊ ရုံးသွားအတွက် ထမင်းချိုင့်ကို ပြင်ဆင်သင့်ပါပြီနော်…။ ဒီလိုမျိုး ပြင်ဆင်တဲ့အခါမှာလည်း သင်ဝိတ်လျော့နေတယ်ဆိုတာကို သတိထားပြီး ကျန်းမာရေးနဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်ရမှာပါနော်…။

- ၁၀ နာရီ…

မနက်ပိုင်း ၁၀ နာရီလောက်မှာတော့ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံမျိုးကို စားပေးသင့်ပါတယ်နော်…။ သိထားရမှာတစ်ခုကတော့ ဝိတ်လျော့နေတဲ့သူတွေက အစားစာကိုမစားပဲဝိတ်လျော့စရာမလိုပါဘူးနော်…။ နည်းနည်းချင်းစီ ခဏခဏနဲ့ ကျန်းမာအောင်စားပေးရင် ပိုပြီးတော့အကျိုးရှိပါတယ်နော်…။

- ၁၂ နာရီ…

၁၂ နာရီမှာတော့ သင်ထည့်လာတဲ့ ထမင်းချိုင့်ကို ဖွင့်စားဖို့အချိန်ရောက်ပြီနော်…။

- ၁ နာရီ…

၁ နာရီမှာတော့ လမ်းလေးနည်းနည်းထလျှောက်ပေးနော်…။ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေက ပိုပြီးတော့ ဝိတ်တက်စေတာကြောင့် ကိုယ်လက်လှုပ်ရှားမှုလေးရှိအောင်လို့ လမ်းလေးနည်းနည်းထလျှောက်ပေးလိုက်နော်…။

- ၃ နာရီ…

ကယ်လိုရီနည်းနည်းပဲပါတဲ့ အစားတစ်ခုခုကို စားပေးသင့်ပါတယ်…။ အရမ်းလည်း ဗိုက်မပြည့်စေတဲ့ အစားစာမျိုးကိုပဲစားသင့်ပါတယ်…။ ဝိတ်လျော့တဲ့သူတွေက မကြာခဏဆိုသလို စားပေးရမယ်လေ…။

- ၄ နာရီ…

၄ နာရီလောက်မှာတော့ ရေနွေးကြမ်းတစ်ခွက်လောက် ထသောက်ပေးပါနော်…။ ရေနွေးကြမ်းသောက်ပေးတာက ဝိတ်ကျစေဖို့အထောက်အကူပြုပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ပြေစေနိုင်တာကြောင့် သင့်ကျန်းမာရေးကိုလည်း အထောက်အကူပြုမှာပါနော်…။

- ၆ နာရီ…

 ည ၆ နာရီကိုရောက်ပြီဆိုတော့ အရမ်းလည်းမများတဲ့ ညစာကိုစားပေးသင့်တာပေါ့… တစ်နေ့လုံးမှာ ခဏခဏစားပေးလို့ရတယ်ဆိုပေမယ့် ညဘက်မှာတော့ များများမစားသင့်တော့ပါဘူးနော်…။

- ၇ နာရီ…

၇နာရီလောက်မှာတော့ သွားတိုက်ပြီး ကိုယ်လက်သန့်ရှင်းရေးလုပ်လိုက်ပါတော့…။ သွားတိုက်ပြီဆိုတာနဲ့ နောက်ထပ်အစားစာချင်စိတ်ကို ဟန့်တားပေးနိုင်တာကြောင့် သင့်ကိုဝိတ်လျော့ဖို့ပိုပြီးတော့ အထောက်အကူဖြစ်စေမှာပါနော်…။

- ၉ နာရီ…

၉ နာရီလောက်မှာတော့ ယောဂလေ့ကျင့်ခန်းမျိုးကို လုပ်ပေးသင့်ပါတယ်နော်…။ ညဘက်မှာ ယောဂလေ့ကျင့်ခန်းလုပ်ပေးခြင်းက သင်စိတ်ကိုတည်ငြိမ်စေပြီး အိပ်ပျော်မှုကိုလည်းအထောက်အကူဖြစ်စေနိုင်ပါတယ်နော်…။

- ၁၀ နာရီ…

၁၀ နာရီလောက်မှာတော့ အိပ်ရာဝင်နိုင်ဖို့ကြိုးစားကြည့်ပါတော့…။ ညဘက်မှာစောစောအိပ်ပေးတာက သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေအများကြီးရှိစေတာကြောင့် ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နိုင်အောင် ကြိုးစားရမှာပါနော်…။




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။