First Date မှာဝတ်ဆင်ဖို့အသင့်တော်ဆုံးနဲ့အကောင်းဆုံးအရောင်

First Date မှာဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ ဘယ်လိုအရောင်မျိုးလေးကို ဝတ်ဆင်သင့်လဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်...။

အနက်ရောင်

အနက်ရောင်ကတော့ လူတိုင်းလိုလိုကြိုက်ကြတာပဲလေ။ အနက်ရောင်ဝတ်ဆင်ထားရင် ဆွဲဆောင်မှုရှိစေတယ်။ နှစ်သက်ကြည်နူးဖို့လည်းကောင်းတယ်။ နောက်ပြီး အနက်ရောင်က မရိုးသွားဘူးလေ... ဘာနဲ့ပဲဖြစ်ဖြစ်လိုက်တယ်။ ယောက်ျားလေးတော်တော်များများလည်း first date မှာ အနက်ရောင်ကို ဝတ်ဆင်လာကြတာတွေ့ရပါတယ်။ အင်္ကျီအနက်ကို အောက်က light color ဖြစ်တဲ့ ဘောင်းဘီ (ဒါမှမဟုတ်) ဂျင်းဘောင်းဘီနဲ့ တွဲဝတ်လိုက်ရင်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ အဆင်ပြေနေပါပြီ...။

အနက်ရောင်အဝတ်အစားတွေက သင့်ကိုပိန်သယောင်လည်းဖြစ်စေပါတယ်။ မိန်းကလေးတွေအနေနဲ့ အနက်ရောင်ဝတ်မယ်ဆိုရင် ကိုယ်ကြပ်အနက်လေးနဲ့ပဲဖြစ်ဖြစ်၊ အနက်ရောင် top လေးကို အောက်က slim ဖြစ်တဲ့ စကတ်လေးနဲ့ပဲဖြစ်ဖြစ် တွဲဝတ်လို့အဆင်ပြေပါတယ်။ ပြီးရင် လည်ဆွဲ (ဒါမှမဟုတ်) လည်ပတ်လေးနဲ့ အောက်က stiletto heels လေးကို စီးလိုက်မယ်ဆိုရင် ရိုးရိုးရှင်းရှင်းလေးနဲ့ စမတ်ကျနေမှာပါ...။

အဖြူရောင်

အဖြူရောင်ကို first date မှာဝတ်ဆင်ရင် positive နဲ့ negative ဖြစ်စေတဲ့ အနက်အဓိပ္ပါယ်တွေ ရောက်လာစေပါတယ်တဲ့...။ positive ဖြစ်စေတဲ့အထဲမှာတော့ peace, innocence, sterility, cleanliness, empowerment, birth စတဲ့အဓိပ္ပါယ်တွေ ပါဝင်နေပါတယ်။ negative ဖြစ်စေတဲ့အထဲမှာတော့ cowardliness, coverup , perversion of justice ဆိုတဲ့ အနက်အဓိပ္ပါယ်တွေပါဝင်နေပါတယ်။ အဖြူနဲ့အနက်ကို တွဲဝတ်တာကတော့ သြဇာလွှမ်းမိုးခြင်းနဲ့ မှန်ကန်ခြင်းရဲ့ အနက်အဓိပ္ပါယ်ပါတဲ့...။

အနီရောင်

အနီရောင်ကတော့ မိန်းကလေးတွေအတွက် ဆွဲဆောင်မှုအရှိဆုံးအရောင်ပါပဲ...။ first date မှာ အနီရောင်ကိုဝတ်ဆင်တာက love, luck, passion, sexiness, compassion, power, courage စတဲ့ အနက်အဓိပ္ပါယ်တွေကို ဖော်ညွှန်းပါတယ်...။ 

ပန်းရောင်

မိန်းကလေးတွေအတွက်တော့ ပန်းရောင်က first date မှာဝတ်လို့အကောင်းဆုံးအရောင်ပါပဲ...။ သူက ထသွားထလာပုံစံလေးနဲ့ ပေါ့ပေါ့ပါးပါးဖြစ်စေတယ်။ နောက်ပြီး healthy, pretty, feminine, babyish, sweet စတဲ့ အဓိပ္ပါယ်တွေလည်း သက်ရောက်စေပါတယ်...။

အပြာရောင်

အပြာရောင်ကတော့ ယုံကြည်မှု၊ သစ္စာရှိမှု နဲ့ ဉာဏ်ပညာရှိမှုတို့ရဲ့ အထိမ်းအမှတ်သင်္ကေတပါ...။ နောက်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်း၊ ကတိတည်ခြင်း၊ တည်ငြိမ်ခြင်းနဲ့ အမှန်တရားတို့ကို ဖော်ညွှန်းပါတယ်။ ယောက်ျားလေးတွေအတွက်တော့ အပြာရောင်က ideal အဖြစ်ဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးပါပဲ...။