အိမ်ရှင်မတို့ အကြိုက် ပုဇွန်ငပိထောင်းဖျော်နည်း


ငပိကိုမှကြိုက်တဲ့ WE Food မှ အိမ်ရှင်မတွေ အတွက် အရသာရှိ ထမင်းလည်း မြန်သလို လုပ်ရတာလည်း လွယ်ကူတဲ့ ပုဇွန်ငပိထောင်းဖျော်နည်း
လေးကို ပြောပြပေးမယ်နော်။


ပါဝင်ပစ္စည်းလေးတွေကတော့
၁. ပုဇွန် ( ၁၀ ကောင် )
၂. ပုဇွန်ငပိ ( စားပွဲတင်ဇွန်း ၃ ဇွန်း )
၃. ကြက်သွန်ဖြူ ( ၁ လုံး )
၄. ငရုပ်သီးစိမ်း ( ၂၀ တောင့် )
၅. ခရမ်းကစော့သီး ( အနည်းငယ် )
၆. ငါးငံပြာရည် ( အနည်းငယ် )
၇. ရေကျက်အေး ( အနည်ငယ် )


ပြုလုပ်ပုံ အဆင့်ဆင့်
၁. ပုဇွန်ငပိကို ငှက်ပျောရွက်လေးနဲ့ အုပ်ပြီး မီးဖုတ်ပါ။
၂. ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကိုလည်း မီးဖုတ်ပါ။ ဒါမှမဟုတ်ရင်လည်း လှော်လိုက်ပါ။
၃. ပုဇွန်ကိုတော့ အရသာမှုန့်တွေနဲ့နယ်ပြီး ပြုတ်လိုက်ပါ။
၃. အကုန်အဆင်သင့်ဖြစ်ပြီဆိုရင် ဆုံထဲကို မီးဖုတ်ထားတဲ့ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ပုဇွန်ငပိတို့ကို ထောင်းပါ။ ထောင်းလို့ညပ်သွားရင် ပုဇွန်ပြုတ်ထားတာကို ဆယ်ပြီးရင် ခရမ်းကစော့သီးကိုပါ ထောင်းပါ။ ပြီးရင် သံပုရာရည်၊ ငါးငံပြာရည်၊ နဲ့ ရေအနည်းငယ် ထည့်ပြီး မွှေလိုက်ပါ။ ဒါဆိုရင် ထမင်းမြိန်အရသာရှိတဲ့ပုဇွန်ငပိထောင်းဖျော်နည်း
ကို ရရှိပါပြီနော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။