ကိုရီးယားကြိုက်တဲ့သူတွေကို မုန်းတယ်လို့ ပြောလိုက်တဲ့ ဂျပန်အဆိုတော်မလေး

AKB48 ရဲ့ အဖွဲ့ဝင် Tano Yuka က Instagram Live ကနေတဆင့် ဒီပြဿနာဖြစ်စခဲ့တာ ဖြစ်ပါတယ်..။ သူမ Live လွှင့်နေရင်း ပရိသတ်တစ်ဦးက သူမကို ပလက်စတစ်ဆာဂျရီလုပ်ဖို့ရှိလားဆိုပြီး မေးခဲ့တာကို သူမက မလုပ်ပါဘူးလို့ ဖြေခဲ့တာပါ.. တဆက်တည်းမှာပဲ သူမက ပလက်စတစ်ဆာဂျရီလုပ်တဲ့သူတွေကို ကြည့်မရဘူး...။ ကိုရီးယားသွားကြတဲ့ လူတော်တော်များများက မျက်နှာခွဲစိတ်ပြုပြင်ကြတယ်.. အရမ်းဆိုးတာပဲလို့ ပြောပါတယ်...။



ကိုရီးယားတွေ ချစ်စရာကောင်းတာလက်ခံပေမယ့် ကိုရီးယားနဲ့တူချင်တဲ့ ဂျပန်လူမျိုးတွေကို မုန်းတယ်လို့ပြောခဲ့ပါတယ်...။ သူမြင်မိသမျှ ကိုရီးယားပရိသတ်တွေဟာ သူတို့ရဲ့ Social Media တွေမှာကအစ ကိုရီးယားလိုတွေ ရေးထားလေ့ရှိတာ တွေ့ပါတယ်တဲ့... ဂျပန်ဖြစ်ပြီး ကိုရီးယားစာတွေ အသုံးပြုနေတာကိုလည်း ကြည့်မရဘူးလို့ ပြောပါတယ်...။


သူမကို ပရိသတ်တွေက ဒေါသထွက်ပြီး ကောမန့်များပေးပြီး နောက်ဆုံးမှာတော့ သူမ Account မှာ တရားဝင် စာတင်ပြီး တောင်းပန်ခဲ့ပါတယ်... နောက်လည်း မဖြစ်စေရပါဘူးလို့ ကတိပေးခဲ့ပါတယ်...။ ပရိသတ်ကြီးကတော့ ဘယ်လိုထင်လဲ.. ကိုယ့်လွတ်လပ်ခွင့်အရ ကိုယ်ကြိုက်ချင်တာ ကြိုက်ခွင့်ရှိတယ်လေ မဟုတ်လား...။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။