လည်ပင်းမဲတာကိုတစ်ပတ်အတွင်းဖြူဖွေးလာစေဖို့

လည်ပင်းမဲတာက ဒီတိုင်းဆိုမသိသာပေမဲ့ မျက်နှာကိုမိတ်ကပ်လိမ်းလိုက်တဲ့အခါမှာတော့ မျက်နှာနဲ့လည်ပင်းကအရမ်းကွာပြီး ကြည့်ရဆိုးသွားပြီလေ။ ဒီတော့ လည်ပင်းဖြူပြီး မျက်နှာနဲ့တစ်သားထဲ ဖြစ်လာအောင်လုပ်ဖို့တော့လိုလာပြီ။ နောက်ပြီး လည်ပင်းနဲ့ဂုတ်နေရာတွေမှာ ကြေးတတ်ပြီး မည်းနေတာမျိုးတွေကိုလည်း ပျောက်ကင်းအောင်လုပ်ဖို့လိုသေးတယ်နော်...။

ဘယ်လိုလုပ်ရမလဲဆိုတာလေးကို ကြည့်လိုက်ရအောင်....။

ပန်ကန်လုံးအသေးလေးထဲကို ဆန်မှုန့်ထည့်၊ သံပုရာသီးတစ်လုံးညှစ်ထည့်ပြီးမွှေလိုက်ပါ။ ပြီးရင် အဲ့ဒါကို လည်ပင်းနဲ့ဂုတ်နေရာမှာ နှံ့အောင် ညင်ညင်သာသာလေးလိမ်းပြီး မိနစ်နှစ်ဆယ်ထားပေးပါ...။



အာလူးတစ်လုံးကို ခြစ်တဲ့ဟာနဲ့ခြစ်ချပါ။ အဝတ် (ဒါမှမဟုတ်) သဘတ်ကိုခေါက်ပြီး အဲ့ပေါ်ကို ခြစ်ချထားတဲ့ အားလူးတွေတင်လိုက်ပါ။ ပြီးရင် လည်ပင်းမှာလိမ်းထားတာတွေကို အဝတ်နဲ့သုတ်ပြီး အာလူးတင်ထားတဲ့ အဝတ် (သဘတ်) ကို ပုံမှာပြထားသလိုမျိုးလေး လည်ပင်းမှာပတ်ထားလိုက်ပါ...။

အားလူးဖတ်တွေ ပြုတ်မကျသွားအောင်တော့ ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ ဒါကိုလည်း မိနစ် (၂၀) ထားပေးရပါမယ်။ ပြီးရင်တော့ အဝတ်နဲ့သုတ်လိုက်ပါ။ ဒီအတိုင်း ပုံမှန်လေးလုပ်ပေးမယ်ဆိုရင်တော့ တစ်ပတ်မပြည့်ခင်မှာပဲ သိသာတဲ့ရလဒ်ကို ပိုင်ဆိုင်လာမှာပါ...။