အားကစားပွဲတော်မှာ မြင်တွေ့ရမယ့် စစ်မှုထမ်းနေတဲ့ အဆိုတော် (3) ဦး

စစ်မှုထမ်းနေတဲ့ 2PM အဖွဲ့က Taecyeon ၊ Im Siwan နဲ့ rapper တစ်ယောက်ဖြစ်တဲ့  Beenzino တို့က လက်ရှိတောင်ကိုရီးများမှာ ကျင်းပနေတဲ့ 2018 Pyeongchang Winter Olympics ပွဲကြီးမှာ ပါဝင်သွားမှာပါ...။ Gangneung Art Center မှာကျင်းပသွားမယ့် ဒီပွဲမှာ Taecyeon က MC တစ်ယောက်အနေနဲ့ ပါဝင်သွားမယ်လို့ စစ်အဖွဲ့ချုပ်က ကြေငြာခဲ့ပါတယ်...။


သူစစ်ထဲဝင်သွားပြီးတည်းက ပရိသတ်တွေက သူတို့ 2PM အဖွဲ့ရဲ့ လူစုံတဲ့ ဖျော်ဖြေမှုတွေကို မတွေ့ခဲ့ရတာပေါ့...။ အခုတော့ အဖွဲ့ဝင်တွေနဲ့ တစ်စုတစ်စည်း ပြန်တွေ့ရတော့မှာပါ...။ သူ့ရဲ့အဖွဲ့ဝင်တွေက သူနဲ့အတူ စင်ပေါ်မှာ ပြန်လည်ဖျော်ဖြေဖို့အတွက် မအားလပ်တဲ့ကြားထဲက အနုပညာကြေးမယူပဲ ဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်...။


သရုပ်ဆောင် Im Siwan နဲ့ Taecyeon တို့နှစ်ဦးလုံးဟာ အခြားစစ်အမှုထမ်း 170 ကျော်နဲ့အတူ အဆိုပါပွဲမှာ ပါဝင်သွားမှာဖြစ်ပါတယ်...။ ပရိသတ်တွေအနေနဲ့ကတော့ သူတို့တွေ ပရိသတ်တွေရှေ့ ခဏပြန်ရောက်လာတာကို တွေ့မြင်ရဦးမှာပေါ့...။ Rapper တစ်ယောက်ဖြစ်တဲ့ Beenzino ကလည်း Dok2 နဲ့ The Quiett တို့နဲ့အတူ တွဲဖက်ပြီး 2018 Pyeongchang Culture Olympics ရဲ့ ဖျော်ဖြေပွဲမှာ သီဆိုသွားမှာဖြစ်ပါတယ်...။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။