ဆက်စီကျတဲ့ ဝတ်စုံတွေနဲ့ လန်းနေတဲ့ ကိုရီးယားအနုပညာရှင် (၅) ဦး

အာရှနိုင်ငံတွေကြားထဲမှာ ဖက်ရှင်နဲ့ပတ်သက်လာရင် အားလုံးက အတုယူရလောက်အောင် အမိုက်စားတွေ ရွေးချယ်ဝတ်ဆင်တတ်တာက တောင်ကိုရီးယားရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်...။ ရုပ်ရှင်မင်းသမီး၊ အဆိုတော် ဘယ်သူ့ကိုပဲကြည့်ကြည့် ဖက်ရှင်ကျကျနဲ့ လှပနေတတ်တယ်...။ အဲ့ဒီထဲကမှ ဆက်စီကျတဲ့ ဝတ်စုံတွေနဲ့ လန်းနေတဲ့ ပုရိသတွေအသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ အနုပညာရှင် (၅) ဦးကို ဖော်ပြပေးလိုက်ပါတယ်...။

(1) Miss A - Min
သူမဝတ်ခဲ့တာ Hush သီချင်းထွက်တဲ့ အချိန်ကပါ... လုံးဝ နောက်တစ်ယောက်လိုမျိုး ပြောင်းလဲသွားခဲ့တာတော့ အမှန်ပါပဲ...။

(2) Ji Hyun
သူမကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်... ဒီလို အားကစားဝတ်စုံလည်း လှနေတာပါနော်...။

(3) Girls' Day - Yura
ဒီ Female President သီချင်းထွက်တုန်းက အကုန်လန်းခဲ့ကြတာနော်....။ အဖွဲ့ထဲမှာ လူကြိုက်အများဆုံးတစ်ယောက်ပေါ့...။

(4) Girls' Day - So Jin
အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာ သူ့ကို ပြောတာနေမယ်...။ အရမ်းမိုက်တဲ့ ခန္ဓာကိုယ်အလှနဲ့ Sexy ကျတဲ့ ဝတ်စုံ ပေါင်းစပ်လိုက်တဲ့အခါမှာ... ဘယ်လိုပြောရမလဲဆိုတော့...။

(5) Lee Hyori
သူကလည်း အိမ်ထောင်ကျပြီးမှ ပိုပိုလှလာတာ... မကြာသေးခင်က Comeback Song ထွက်ထားသေးတယ်နော်... နားထောင်ပြီးကြပြီလား...?


ဒီ (5) ယောက်လုံးကို အန်ကယ်ကတော့ Yes ပါ...။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။