ကာတွန်းဇာတ်ကောင်တော်တော်များများ ဘာလို့အဝါရောင်ဖြစ်လဲ

     လူကြိုက်များကြတဲ့ ကာတွန်းဇာတ်ကောင် တော်တော်များများ အဝါရောင်ဖြစ်နေတာကို အားလုံးပဲသတိထားမိကြမယ်ထင်ပါတယ်။ ဒါဆိုဘာလို့ အဝါရောင်လေးတွေဖြစ်နေတာလဲ...။

     (Minions, Pooh, Tweety, Pikachu, SpongeBob, Simpson) သူတို့အားလုံးက အဝါရောင်လေးတွေပဲနော်…။ နောက်ထပ်အဝါရောင် ကာတွန်းဇာတ်ကောင်လေး ဘာတွေရှိအုန်းမယ်ထင်လဲ…။

      Beauty and the Beast ထဲက မင်းသမီးလေးရဲ့ဝတ်စုံကလည်း အဝါရောင်ပါပဲ…။

      Snow White မင်းသမီးလေးရဲ့ဝတ်စုံထဲမှာလည်း အဝါရောင်လေးပါနေတာကို အားလုံးပဲသတိထားမိကြရဲ့လား…။ 

     အားလုံးရဲ့စိတ်ကူးထဲမှာပေါ်လွင်အောင် ပြောပြရမယ်ဆိုရင်တော့ POOH ကာတွန်းဇာတ်ကောင်ကို အားလုံးပဲသိကြမယ်ထင်ပါတယ်…။ POOH ဇာတ်ကောင်လေးဘယ်လိုဖြစ်လာလဲဆိုတာရော သိကြလားမသိဘူး…။ ပထမကမ္ဘာစစ်တုန်းက စာရေးဆရာ A.A. Milne မွေးထားတဲ့ ဝက်ဝံလေးနဲ့ သူ့သားလေးရဲ့ဝက်ဝံအရုပ်လေးနဲ့တူအောင် ကာတွန်းရေးဆွဲသူက ပုံဖော်ပေးထားတာပဲဖြစ်ပါတယ်…။

     ကာတွန်းဇာတ်ကောင်ဖန်တီးသူတွေဟာ အဝါရောင်ကို ပိုမိုဦးစားပေးရွေးချယ်ကြပါတယ်…။ အဝါရောင်ဟာ အနုပညာဖန်တီးမှုနဲ့ စိတ်ပညာပေါင်းစပ်ဖွဲ့စည်းမှုကို ပိုမိုပေါ်လွင်အောင် ဖန်တီးပေးနိုင်တယ်လို့ ကာတွန်းရေးဆွဲသူတွေက မှတ်ယူထားကြပါတယ်…။ အဲဒါကြောင့် Simpson ကာတွန်းဇာတ်ကောင်ဖန်တီးသူတွေက Simpson ကိုပုံမှန်အသားအရေအရောင်အစား အဝါရောင်ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်…။

     အဝါရောင်ကာတွန်းဇာတ်ကောင်ကို အသုံးပြုခြင်းက လူတစ်ယောက်ရဲ့သတိပြုမှုကို ခံရစေတဲ့ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် ကာတွန်းဇာတ်ကောင်နဲ့ လိုက်ဖက်တဲ့နောက်ခံ Background အရောင်ကြောင့်လည်း ကာတွန်းဇာတ်ကောင်ကိုပိုမိုပေါ်လွင်အောင် ဖန်တီးပေးနိုင်တာတွေကြောင့်ပဲ ဖြစ်ပါတယ်…။

     သင်ရော ဘယ်အဝါရောင် ကာတွန်းလေးကိုအကြိုက်ဆုံးလဲ...။

Image credit from google