Ugly Duckling Don’t မင်းသားနဲ့ Ugly Duckling: Perfect Match မင်းသမီး

Ugly Duckling Don’t ဇာတ်ကားနဲ့ လူသိများပြီး မြန်မာပရိတ်သတ်တွေ စွဲလမ်းခဲ့ရတဲ့ ထိုင်းမင်းသားလေး Zero ရဲ့နာမည်ကတော့ “Jirakit Thawornwong” ပါ။ ‘Mek Jirakit’ လို့လည်း လူသိများကြပါတယ်။

Mek က သရုပ်ဆောင်၊ မော်ဒယ် နဲ့ အဆိုတော်တစ်ယောက် ဖြစ်တဲ့အပြင် University of Faculty Humanities မှာလည်း တတ်ရောက်ပညာသင်ကြားခဲ့သူတစ်ဦးပါ။

သြဂုတ်လ ၂၈ ရက်၊ ၁၉၉၄ ခုနှစ် မှာမွေးဖွားခဲ့တဲ့ Mek က အခုဆိုရင် အသက် ၂၃ နှစ် ဖြစ်ပြီး အရပ်ကတော့ ၅ ပေ၁၁ လက်မ ပါ။ Mek မှာ အသက် ၂ နှစ်ကွာတဲ့ ညီမလေးတစ်ယောက်လည်း ရှိပါသေးတယ်။

သူမကတော့ Ugly Duckling: Perfect Match ဇာတ်ကားနဲ့ လူသိများခဲ့တဲ့ မင်းသမီးချောလေး “Worranit Thawornwong” ပါ။ Mook လို့လည်း ခေါ်ကြပါတယ်။

Mook က သရုပ်ဆောင် နဲ့ အဆိုတော်လုပ်တဲ့အပြင် ‘Kasetsart University’ မှာလည်း တက်ရောက် ပညာသင်ကြားနေသူပါ။

Mook ကို အောက်တိုဘာလ ၉ ရက်၊ ၁၉၉၆ ခုနှစ် မှာမွေးဖွားခဲ့တာဖြစ်ပြီး အရပ်ကတော့ ၅ ပေ ၇ လက်မ ရှိသူပါ။ Mek နဲ့ Mook နှစ်ယောက်လုံးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပဲ မွေးဖွားခဲ့တာပါ။

Room Alone 401-410, U Prince Series, Kiss the Series ဇာတ်လမ်းတွဲတွေမှာလည်း မောင်နှမ နှစ်ယောက်လုံး ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။