Longlasting Lipstick တွေဆိုးပြီးရင် ဘယ်လိုပြန်ဖျက်မလဲ…။

အခုနောက်ပိုင်းမှာ MakeUp Brand တော်တော်များများက အသစ်ထွက်လိုက်ရင် Longlasting ဖြစ်တာတွေ ထွက်တာများပါတယ်…။ မိန်းကလေးတော်တော်များများကလည်း Longlasting ဖြစ်တဲ့ Lipstick ကိုပိုကြိုက်တာများပါတယ်…။ သူကဆိုးထားပြီးရင်လည်း တော်တော်နဲ့မပျက်ပါဘူး…။ အစားစားလိုက်တဲ့အခါမှာလည်း တခြားနှုတ်ခမ်းနီတွေလိုမျိုး ပျက်သွားတာမျိုးမရှိတဲ့အတွက်ကြောင့် တော်တော်များများကြိုက်နှစ်သက်ပြီး ဝယ်သုံးကြပါတယ်…။ သုံးရတာလွယ်သလို မလိုအပ်တော့တဲ့အခါမှာ ဖျက်ဖို့လည်းခက်ပါတယ်…။ ဒါကြောင့် Longlasting ဖြစ်တဲ့ နှုတ်ခမ်းနီတွေကို ဘယ်လိုဖျက်ရမလဲဆိုတာ ပြောပြပေးပါမယ်နော်…။

- ပထမဦးဆုံးအနေနဲ့ နှုတ်ခမ်းနီကိုဖျက်တော့မယ်ဆိုရင် သင်နှုတ်ခမ်းပေါ်ကို wet tissue နဲ့သုတ်ပေးလိုက်ပါ…။ သင့်နှုတ်ခမ်းကနူးညံ့တဲ့အသားအရေမျိုးဖြစ်ပါတယ်…။ Longlasting ဖြစ်တဲ့ နှုတ်ခမ်းနီကို ဆိုးပြီးပြန်ဖျက်တဲ့အခါမှာ MakeUp Remover နဲ့ဖျက်ရင် သင့်နှုတ်ခမ်းသားကိုပျက်ဆီးစေပါတယ်…။ ဒါကြောင့် သင့်နှုတ်ခမ်းနီကိုဖျက်တော့မယ်ဆိုရင် Wet Tissues နဲ့အရင်ဖျက်သင့်ပါတယ်…။

- ပြီးရင်တော့ lip balm ဒါမှမဟုတ်ရင် Vaseline နဲ့ သင့်နှုတ်ခမ်းသားကိုပွတ်လိမ်းပေးလိုက်ပါ…။ lip balm တို့ Vaseline တို့မှာပါဝင်တဲ့ အဆီကသင့်နှုတ်ခမ်းသားကိုစိုပြေစေပြီး သင်ဆိုးထားတဲ့ Longlasting နှုတ်ခမ်းနီကိုလည်းအလွယ်တကူ ဖျက်ပစ်လို့ရပါတယ်…။ lip balm သို့မဟုတ် Vaseline ကိုသင့်နှုတ်ခမ်းမှာဆိုးပြီးသွားတဲ့အခါမှာ ၂မိနစ်လောက်ထားထားပေးလိုက်ပါ…။

- စိုစွတ်ပြီး ပျော့ပျောင်းနူးညံ့တဲ့ သွားတိုက်တံနဲ့ သင့်နှုတ်ခမ်းကိုညှင်သာစွာပွတ်တိုက်ပေးပါ…။ ပွတ်တိုက်တဲ့အခါမှာလည်း  စက်ဝိုင်းပုံစံညှင်သာစွာ ပွတ်တိုက်ပေးဖို့လိုပါတယ်နော်…။ သင့်နှုတ်ခမ်းတွေကိုမနာကျင်စေဖို့ သတိထားပေးပါနော်… ။

-  ရေနွေးနွေးလေးနဲ့စိမ်ထားတဲ့ အဝတ်လေးနဲ့နှုတ်ခမ်းကို ညှင်သာစွာပွတ်ပေးလိုက်ပါ…။

     ခြောက်တဲ့ နှုတ်ခမ်းနီတွေကို နေ့စဉ်ဆိုးရတဲ့အတွက်ကြောင့် သင့်နှုတ်ခမ်းသားတွေကို ခြောက်သွေ့စေပါတယ်…။ ဒီလိုအခါမျိူးမှာ နှုတ်ခမ်းနီကို ကြမ်းကြမ်းတမ်းတမ်းဖျက်ရင် သင့်နှုတ်ခမ်းသားကိုပိုပြီးတော့ ပျက်စီးစေပါတယ်…။ ဒါကြောင့် သင့်နှုတ်ခမ်းသားကို မပျက်စီးအောင်အမြဲ ဂရုတစိုက်နဲ့နေသင့်ပါတယ်နော်…။

image credit from google