ယောကျ်ားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက ဈေးအကြီးဆုံးက ဘယ်ဟာဖြစ်မလဲ ?

ဟိုးအရင် FB စသုံးကတည်းက မကြာခဏကြားဖူးတဲ့ သတင်းလေးရှိတယ်။ အဲဒါကတော့ ကိုယ်တို့ ယောကျာ်းလေးတွေရဲ့ ခန္ဓာကိုယ်မှာ ဈေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုရှိတယ်တဲ့ ..။ အဲဒါကတော့ ကိုယ်တို့ရဲ့ မွေးရာပါညီလေး လို့ပြောကြတယ်။ တစ်နည်းအားဖြင့်ပြောရရင်၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ယဥ ပေါ့ … :3

တစ်လောကလည်း သတင်းတွေတက်လာတယ်။ တဖက်နိုင်ငံမှာ ယဥ တွေကိုဈေးကောင်းပေးဝယ်နေတဲ့အတွက် ယောကျ်ားတွေကို ဖမ်း၊ ယဥ တွေထုတ်ပြီးရောင်းစားကြတယ်တဲ့။ နောက်မှ အဲ့သတင်းက fake ဖြစ်နေတယ်။ နောက်ပြီး အားလုံးထင်ကြသလို ယောကျ်ားတွေရဲ့ ယဥ ဟာ ဘာမှမတန်ပါဘူး။ မတန်ဘူးဆိုတာ ဈေးကြီးပေးဝယ်ဖို့မတန်ဘူးပြောတာ။ ဘာ Effect မှမရှိတာကိုး။ ကိုယ့်ဆီက ဖြုတ်ယူလိုက်ပြီဆိုရင် အဲ့ဟာဘာမှမဟုတ်တော့ဘူး။ အဲ့လိုပြောချင်တာ။

ယောကျာ်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲ ဘယ်အရာကတန်ဖိုးအကြီးဆုံးလည်းဆိုတာကို တန်းစီပြောပြမယ်။ ဒါပေမယ့် အဲဒါတွေကတရားဝင်မဟုတ်ဘူးနော်။ Black Market လို့ခေါ်တဲ့ မှောင်ခိုဈေးကွက်ထဲက ဈေးနှုန်းတွေပါ။

( ၁ ) မျက်လုံး ( နှစ်လုံးစလုံး ) - ၁၅၂၅ ဒေါ်လာ
( ၂ ) ဦးရေပြား - ၆၀၇ ကနေ ၆၃၀ ဒေါ်လာ
( ၃ ) ဦးခေါင်းခွံ ( သွားတွေအပါအဝင် ) - ၁၂၀၀ ကနေ ၂၀၀၀ ဒေါ်လာ
( ၄ ) ပခုံးရိုး (ညှပ်ရိုး ) - ဒေါ်လာ ၅၀၀
( ၅ ) နှလုံးပတ်သွေးလွှတ်ကြော ( တစ်စုံလုံး ) - ၁၅၂၅ ကနေ ၃၀၀၀ ဒေါ်လာ
( ၆ ) နှလုံး - ၁၁၉၀၀၀ ဒေါ်လာ
( ၇ ) အသည်း - ၁၅၇၀၀၀ ဒေါ်လာ
( ၈ ) လက်ဖျား ကနေ လက်မောင်းရင်းအထိ - ၃၈၅ ကနေ ၆၀၀ ဒေါ်လာ
( ၉ ) သွေးတစ်ပိုင့် ( သွေးတစ်အိတ် ) - ၃၃၇ ဒေါ်လာ
( ၁၀ ) သရက်ရွက် - ၅၀၈ ဒေါ်လာ
( ၁၁ ) အစာအိမ် - ၅၀၈ ဒေါ်လာ
( ၁၂ ) အူသိမ် - ၂၅၁၉ ဒေါ်လာ
( ၁၃ ) ကျောက်ကပ် ( တစ်ဖက် ) - ၂၆၂၀၀၀ ဒေါ်လာ
( ၁၄ ) သည်းခြေအိတ် - ၁၂၁၉ ဒေါ်လာ
( ၁၅ ) အရေပြား ( တစ်လက်မ ) - ၁၀ ကနေ ၂၀ ဒေါ်လာ
( ၁၆ ) ယဥ ( တစ်လုံး ) - ၃၀ ဒေါ်လာ

ကဲ … အဲ့တော့ ဘာမှမတန်တဲ့ ယဥ လေးတွေကို ဒုက္ခမပေးကြပါနဲ့။ သူ့ဟာသူပဲ အတွဲလေးနဲ့နေကြပါစေလို့ … :3

အမြင်မှန်ရအောင် များများလေးရှဲပေးကြပါ။

( အထက်ဖော်ပြပါ ကိန်းဂဏန်းနှင့်ဈေးနှုန်းများသည် နိုင်ငံရပ်ခြားတွင် အမှန်တကယ်ရောင်းဝယ်နေကြသော မှောင်ခိုဈေးကွက်မှ ဈေးနှုန်းများအတိုင်းဖော်ပြထားခြင်းဖြစ်ပါသည်။ )

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။