ခဏခဏဝမ်းချုပ်နေရင်

ခဏခဏဝမ်းချုပ်တယ်ဆိုတာမကောင်းပါဘူး။ ဝမ်းချုပ်ရင် ပါးစပ်လည်းနံလာမယ်၊ ခေါင်းလည်းမကြည်တော့ပဲ ဇာတ်ကြောတွေပါတတ်လာမယ်။ အဆိုးဆုံးကတော့ ခဏခဏဝမ်းချုပ်ရင် လိပ်ခေါင်းဖြစ်လာမှာကိုတောင် စိုးရိမ်ရပါတယ်...။

ဒါကြောင့် ဝမ်းမှန်အောင် ဘာတွေစားသင့်လဲဆိုတာလေးကို မျှဝေပေးချင်ပါတယ်။

ခဏခဏဝမ်းချုပ်နေရင် ငှက်ပျောသီး နဲ့ ပဲနို့ကို ပုံမှန်စားပေးပါ။ မနက်ကို ငှက်ပျောသီးတစ်လုံးနဲ့ ညကို ပဲနို့တစ်ခွက် ပုံမှန်နေ့တိုင်းစားသောက်ပေးရင် ဝမ်းမှန်စေပါတယ်။

နောက်ပြီး ဗာဒံစေ့မှာက အမျှင်ဓာတ်တွေပေါများစွာပါဝင်လို့ ဗာဒံစေ့ကို လက်တစ်ဆုပ်စာလောက် နေ့တိုင်းစားပေးပါက ဝမ်းမှန်စေပါတယ်။

နောက်တစ်ခုကတော့ စပျစ်သီးခြောက်ပါ။ စပျစ်သီးခြောက်မှာလည်း အမျှင်ဓာတ်တွေပေါများစွာပါဝင်လို့ အူလမ်းကြောင်းကိုကောင်းမွန်စေပါတယ်။ ဒါကြောင့် စပျစ်သီးခြောက်ကို ထမင်းစားဇွန်းတစ်ဇွန်းစာ ပုံမှန်စားပေးရင် ဝမ်းမှန်စေပါတယ်။

နောက်ဆုံးတစ်ခုကတော့ လူတိုင်းသိပြီးသားဖြစ်တဲ့ ထောပတ်သီးစားတာပါ။ ထောပတ်သီးကို အတုံးသေးသေးလေးတွေတုံးပြီး ဆားနဲ့တို့စားပေးရမှာပါ။ ထောပတ်သီးမှာလည်း အမျှင်ဓာတ်တွေပေါများစွာပါဝင်လို့ အူလမ်းကြောင်းကိုကောင်းမွန်စေတယ်။ ဒီတော့ ပုံမှန်စားပေးရင် ဝမ်းမှန်စေတာပေါ့။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။