သင့်တင်ကို ကြီးပြီးကိတ်လာစေမယ့် အသီးအနှံ (၆) မျိုး

မိန်းကလေးတွေက တင်ပါးသေးလို့ ဆွဲဆောင်မှုမရှိမှာကြောက်တယ် …။ ကျွန်တော်တို့ယောကျ်ားလေးတွေကျတော့ ဖင်မရှိတော့ ဘောင်းဘီဝတ်ရင်မလှမှာစိုးတယ်။ အဲတော့ အားကစားခန်းမသွား ..၊ လေ့ကျင့်ခန်းတွေလုပ်၊ အောက်ပိုင်းထိုင်ပြီး ဖင်ကိုမကြီး ကြီးအောင် တမင်ကိုလုပ်ကြတာ ..။

ဖင်ကြီးချင်တာများ ဘာခက်တာမှတ်လို့ … ကျွန်တော်ပြောတဲ့ အသီးအနှံတွေသာ များများစား .. ကြီးပြီးတော့ ကားထွက်လာမှာ .. တော်ကြာ မကြီးချင်တော့ပါဘူးလို့ တားတောင်ယူရမယ် .. အဟင်း ..။

အာလူး

ဖင်ကြီးအာလူး တဲ့ ..။

ငယ်ငယ်တုံးက ကျောင်းသားဘဝက ဘာမှန်းမသိ လျှောက်အော်ခဲ့ဖူးတယ်။ နောက်ပိုင်းသဘောပေါက်လာတာက တင်ပါးကြီးကြီးဝိုင်းဝိုင်းတွေနဲ့ အာလူးအလုံးလေးတွေကြားထဲမှာ ဆက်နွယ်မှုရှိနေတယ်ဆိုတာပဲ ..။ မှန်ပါတယ် …။ သာမန် အနေတော်အရွယ် အာလူးတစ်လုံးထဲမှာပါဝင်တဲ့ ကယ်လိုရီပမာဏဟာ ၁၆၃ လောက်ရှိတယ်ဆိုပဲ ..။ ဆိုတော့ကာ ဖင်ပါမက ခန္ဓာကိုယ်ပါ ကိတ်ထွက်နေဖို့ အာလူးများများစားကြပါစို့ လို့ဆိုချင်ပါရဲ့ ..။

နောက်ပြီး အာလူးမှာ ပိုတက်စီယမ် ကြွယ်ဝစွာပါဝင်တဲ့အပြင် ဗီတာမင် C နဲ့ B6 ဓာတ်တွေအများအပြားပါဝင်နေတဲ့ အစာရင်းမြစ်တစ်ခုလဲဖြစ်ပါသေးတယ်  ..။ နောက်တစ်ခုရှိတာက အာလူးကိုပြုတ်ပြီးအခွံမနွှာပဲ အလုံးလိုက်စားတာပိုကောင်းတယ် .. ဒါဆိုအာဟာရဓာတ်တွေတော်တော်များများကို လက်လွှတ်စရာမလိုတော့ဘူးပေါ့။

ပဲမျိုးစုံ

ပဲကြီး .. ပဲကြီး .. တဲ့ ..။

ပဲများတဲ့ ကောင်မလေးတွေကို ကျွန်တော်တို့ အာ့လိုစနောက်ခဲ့ကြတာ ..။ ပဲအများကြီးစားတဲ့ ကောင်မလေးတွေ ကောင်လေးတွေအတွက် ဆုလာဘ်တစ်ခုကတော့ လုံးကျစ်ပြီး ကားထွက်နေတဲ့ တင်ပါးလှလှလေးတစ်စုံ ခင်ဗျာ့။ ကုလားပဲ ..၊ ဘိုကိတ်ပဲ ..၊ မြင်းစားပဲ .. စသည်ဖြင့် အမျိုးမျိုးရှိလေရဲ့ …။

နောက်ပြီး ပဲတွေမှာ ပရိုတင်းဓာတ်မြင့်မားစွာပါဝင်ပြီး ကြွက်သားတွေသန်မာလာအောင် ထောက်ကူပေးနိုင်တဲ့ အမိုင်နိုအက်စစ်ဓာတ်လဲ ပါဝင်နေတယ် ..။ အဲတော့ တစ်ပတ်မှာ လေးခါလောက် ပဲတွေများများစားပေးတာက ခန္ဓာကိုယ်ကြွက်သားအပြင် တင်ပါးတွေကြီးလာဖို့ကိုပါ အထောက်အကူပြုနိုင်ပါတယ် ..။ တစ်ခုတော့ရှိတယ် ..၊ ပဲကိုဒီအတိုင်းစားတာ အကျိုးဖြစ်ပေမဲ့ ထမင်းနဲ့ရောစားရင်တော့ ကစီဓာတ်တွေ နဲ့ ပရိုတင်းတွေပေါင်းပြီး မကြာခင် ဘုတ်ထိုင်းကြီး ဖြစ်လာမှာမို့လို့ သတိတော့ထားပေါ့လေ .. ။

အုတ်ဂျုံကြမ်း

နောက်တစ်ခုကတော့ အုတ် ပဲ …။အုတ်ခဲလား လို့မမေးနဲ့နော် .. ဖင်မကြီးပဲနေလိမ့်မယ် … :3

ကျွန်တော်တို့သောက်တဲ့ ကွေကာအုတ်လိုမျိုး မနက်ခင်းစောစောစာအတွက် အာဟာရ ပြည့်တဲ့အစားအစာကတော့ အုတ်ဂျုံ ပါ ..။ သိကြတယ်မလား ..၊ ပန်းကန်ထဲ အုတ်ဂျုံအမှုန့်ကြမ်းတွေလောင်းထည့် .. နွားနို့ပူပူတွေလောင်းချ .. ပြီးရင် ကြက်ဥတို့ .. ဌက်ပျောသီးတို့လို ဖြည့်စွက်အစာလေးတွေရောလိုက် .. အားရပါးရမွှေပြီး စားပလိုက်စမ်း … အီစိမ့်ပြီး ခန္ဓာကိုယ်အတွက်အဆီတွေရော .. အာဟာရတွေပါ အတုံးလိုက်အတစ်လိုက်ရစေမဲ့ အစားအသောက်ပေါ့ဗျာ..။

ကန်စွန်းဥ

ဘာကောင်းသလဲမမေးနဲ့ …ကန်စွန်းဥ

ကန်စွန်းဥ ပူပူနွေးနွေး စီးစီးလေးတွေ ၅၀၀ ဖိုးလောက်ဝယ်ချလာ ..။ အိမ်ရောက်ရင် မြေပဲဆီ နည်းနည်း နဲ့ ဆားနည်းနည်းရောပြီး ပန်းကန်ထဲထည့်၊ ပြီးရင် ကန်စွန်းဥလေးကိုက်လိုက်။ ခုနက ဆီ၊ဆား ရောထားတဲ့ ပန်းကန်ထဲနှစ်လိုက် … နောက်တစ်ကိုက် .. ဘာပြောကောင်းမလဲ .. အရသာကိုရှိလို့ ..။ နောက်ပြီး ကန်စွန်းဥဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်စုပုံနေတဲ့ အဆီပိုတွေကို ချေဖျက်ပေးနိုင်စွမ်းရှိသတဲ့ ..။ ကျန်တဲ့ အဆီတွေကတော့ ဖင်မှာပဲစုပလေ့စေပေါ့ ..၊ ဖင်ကြီးချင်တာမဟုတ်လား ..။

ထောပတ်သီး

အာဗိုကားဒိုး တဲ့ …။နာမည်ကိုက စီးနေတာပဲ ..။

  “ကား” ဆိုတဲ့ အဓိပ္ပါယ်က သင့်ဖင်ကို ကြီးပြီး “ကား” ထွက်လာစေမယ် ဆိုတဲ့သဘော …။ ထောပတ်သီးကို တော်တော်များများက အာဟာရအပြင် တချို့စားသောက်စရာတွေနဲ့လည်း တွဲဖက်လို့ စားသောက်ကြပါတယ် ..။ နောက်ပြီး ထောပတ်သီး ဟာခန္ဓာကိုယ်မှာလိုအပ်တဲ့ အဆီပမာဏကိုရစေဖို့အတွက် ကောင်းမွန်တဲ့ရင်းမြစ်တစ်ခုလည်းဖြစ်တယ် ..။ ထောပတ်သီးကို အရသာရှိရှိစားဖို့နည်းတစ်ခု ကြုံတုန်းလေး ပြောပျဇေ ..။ ထောပတ်သီးအရည် .. Mayonnaise နဲ့ ကြက်ဥဟာတကယ့်ကို အလိုက်ဖက်ဆုံးအတွဲပဲ .. လက်ခံတယ်ဟုတ် ..။ အဲဒီသုံးမျိုးအရောကို ဆင်းဒွစ်ချ် နဲ့ပဲသုတ်ပြီးစားစား ..၊ ဒါမှမဟုတ် အသီးအရွက်သုပ်ထဲပဲ ထည့်ထည့် ..၊ လိုက်ဖက်ကောင်းမွန်ပြီး အာဟာရဖြစ်စေမဲ့ အစားအသောက် တစ်ခုဖြစ်ပါကြောင်း ….။

တစ်ခုတော့ရှိတယ် …။ ဒါတွေပြောတာ ဖင်ကြီးဖို့ အတွက်ပဲနော့ ..၊ မတရားစားသောက်မိလို့ တင်ပါးအပြင် တစ်ခြားနေရာတွေပါကြီးလာမှ “ ဂျင်းကောင် “ လို့ လာမပြောနဲ့ .. စိတ်ဆိုးမာ ..။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။