Denim ကထုတ်လုပ်လိုက်တဲ့ တင်ပါးနေရာမပါဝင်တဲ့ဘောင်းဘီ…။

     ဖက်ရှင်ဆိုတာ တစ်ခုနဲ့တစ်ခု ပုံသေသွားမနေပဲ အမြဲအသစ်အဆန်းတွေဖြစ်နေတာပါ…။ ဒီတစ်ခါမှာလဲ ပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်းအတိုင်းပဲ Denim ကအသစ်ထုတ်လုပ်လိုက်တဲ့ တင်ပါးနေရာမပါဝင်တဲ့ဘောင်းဘီပဲ ဖြစ်ပါတယ်…။

     သင့်အနေနဲ့ဘောင်းဘီကို တင်ပါးနေရာမပါဝင်ပဲ ထုတ်လုပ်လာမယ်… ဝတ်ရမယ်လို့တွေးမိပါသလား…။ သင်မတွေးထားတဲ့အရာတွေက ဖက်ရှင်အနေနဲ့ဖြစ်လာပါပြီ…။

 Y Project ကနေထုတ်လုပ်လိုက်တဲ့ ဘောင်းဘီဟာဆိုရင် $570 ကျသင့်မှာဖြစ်ပါတယ်…။ ဒီဇိုင်းပိုင်းကလည်း စိတ်ပျက်စရာမရှိပဲ စိတ်ဝင်စားစရာကောင်းနေပါတယ်…။

ဒီလိုမျိုးပဲ Y Project ကထုတ်လုပ်လိုက်တဲ့ တစ်ခြားဒီဇိုင်းတစ်ခုကိုလည်း Gigi Hadid ဝတ်ဆင်ခဲ့ပါသေးတယ်…။ ဘောင်းဘီအတိုကို အောက်ကနေချိတ်ဆက်ပြီးထပ်ဝတ်ထားတဲ့ပုံစံပါ…။ အရမ်းမိုက်တဲ့ ဒီဇိုင်းတစ်ခုဖြစ်လာခဲ့ပါသေးတယ်… ။

သင်လည်းဖက်ရှင်ရေစီးကြောင်းထဲမှာ နောက်ကျမကျန်ခဲ့ဖို့ အရေးကြီးပါတယ်…/

image credit from printest







X