TTPOD Music Application Review

TTPod ဆိုတဲ့ Music Application လေးတစ်ခုကို Review ပေးချင်ပါတယ်..။

TTPod က အခုမှစပေါ်တဲ့ App တော့မဟုတ်ပါဘူး။ သူက ပေါ်တာတော်တော်ကြာနေပြီဖြစ်တဲ့ Appလေး တစ်ခုပါ။ တခြားနိုင်ငံတွေမှာတော့ TTPod က တော်တော်လေးအောင်မြင်ပြီး ပေါ်ပြူလာဖြစ်တဲ့ Application ပါပဲ။ သူက Android ဖုန်းတွေအတွက် ထုတ်ထားတာဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးမှာ TTPod Application ကို download လုပ်တဲ့သူပေါင်း 10 million ကျော်ရှိပါတယ်။

TTPod Application က English music တွေရဲ့ lyric ကိုလည်း ထည့်သွင်းပေးထားတာပါ။ သီချင်းမျိုးစုံ Down လို့ရသလို lyric ကိုပါ တစ်ခါထဲထည့် down လို့ရပါတယ်။ နောက်ပြီး online ကနေလည်း သီချင်းတွေကို တိုက်ရိုက်နားထောင်လို့ ရပါသေးတယ်။

နောက်ထပ်သူ့ရဲ့ထူးခြားချက်လေးတစ်ခုက Setting  ထဲမှာ ကိုယ်ကြိုက်သလို color tone ညှိလို့ရပါသေးတယ်။ Recording တွေလုပ်ပြီး အသံကို studio အသေးစားပုံစံဖန်တီးလုပ်ယူလို့လည်းရတယ်။ ဒါ့အပြင် Skin ထဲဝင်ပြီး ကိုယ်ကြိုက်တဲ့ background, colour ကိုလည်း ပြောင်းပြီး ထားလို့ရပါတယ်။

တစ်ခြား Music Application တွေနဲ့မတူတာကတော့ ဒီ TTPod Application  က error လုံးဝမတက်ပါဘူး...။