၂၀၁၇ မှာခေတ်စားလာမယ့် Hair colour များ…။

မိန်းကလေးတွေအတွက် ဆံပင်က ဒုတိယမျက်နှာဖြစ်ပါတယ်…။ ဆံပင်ပုံစံပြောင်းသွားတဲ့အခါမှာ သင့်မျက်နှာကလည်း ပုံစံတစ်မျိုးပြောင်းသွားတယ်လို့ထင်ရမှာပါ…။ ဒါကြောင့်သင့်အနေနဲ့ဆံပင်ပုံစံကို ပြောင်းကြည့်သင့်ပါတယ်…။

၂၀၁၇ မှာခေတ်စားလာမယ့် ဆံပင်ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်…။

pearlescent hair Colour  လေးပဲဖြစ်ပါတယ်…။ ဒီဆံပင်လေးကဆိုရင် အသားဖြူတဲ့သူတွေနဲ့လိုက်ဖက်ပြီး ဆိုးလိုက်ရင် Korea Look နဲ့တူသွားမှာပဲဖြစ်ပါတယ်…။ ပန်းရောင်ကိုမှအရမ်းမတောက်ပဲ ဖျော့ဖျော့လေးနဲ့တကယ်ကိုချစ်စရာကောင်းတဲ့ ပုံလေးဖြစ်သွားစေမှာပါ…။

ဒီဆံပင်ပုံဆိုရင် ဆံပင်တိုတဲ့သူရော၊ ရှည်တဲ့သူရောနဲ့လိုက်ပါတယ်…။ အရောင်ကိုသုံးမျိုးကိုရောစပ်ပြီး ဆိုးထားတာပဲဖြစ်ပါတယ်…။ အခုနောက်ပိုင်းမှာလည်း ဒီလိုအရောင်တွေကိုတစ်မျိုးထဲ မဆိုးပဲသုံးမျိုးဆိုးတာတွေခေတ်စားလာပါတယ်…။ ဒီလိုလေးဆိုးလိုက်မယ်ဆိုရင်တော့ ခပ်မိုက်မိုက်ပုံစံလေးနဲ့ တစ်မျိုးကြည့်လို့ကောင်းနေမှာပါ…။

ဒီဆံပင်အရောင်ကိုတော့ Jet လို့နာမည်ပေးထားပါတယ်…။ သူကတော့ပြောရမယ်ဆိုရင် အနက်ပါပဲ…။ မြန်မာတွေအနေနဲ့ကတော့ မွေးကထဲကဆံပင်အရောင်က အနက်ရောင်ဖြစ်လို့ တကူးတကဆိုးနေစရာမလိုပဲ နက်မှောင်နေတဲ့ ဆံကေသာကိုပဲ ပုံစံသစ်လေးတစ်မျိုးလုပ်ပေးနိုင်ပါတယ်…။ နောက်ပိုင်းမှာ အနက်ရောင်လေးကလည်း ဆွဲဆောင်မှုတစ်ခုလိုဖြစ်လာမှာပါ…။

ဒီဆံပင်ပုံလေးကိုတော့ Eclipting လို့အမည်ရပါတယ်…။ ဒီဆံပင်ပုံလေးကဆိုရင် ဆံပင်အရင်းမှာ နက်မှောင်နေအောင်လုပ်ထားပြီး အညိုရောင်လေးတွေကိုလည်း Hightlight လုပ်ထားတဲ့ အပြင် ဆံပင်အောက်ဖျားမှာ အရောင်ပိုထွက်လာတဲ့ပုံစံမျိုးလေးနဲ့ဆိုတော့ အရမ်းလည်းမရိုး အရမ်းလည်းမဆန်းပဲ တည်တည်ငြိမ်ငြိမ်လေးနဲ့လှနေမယ့် အလှမျိုးလေးဖြစ်ပါတယ်…။ 

အခုနောက်ပိုင်းမှာ မိန်းကလေးတော်တော်များများက ဆံပင်တိုလေးတွေညှပ်လာကြပါပြီ ဒီလိုညှပ်လိုက်တဲ့အခါမှာ ဆံပင်ကာလာမရှိပဲဆိုရင်တော့ သိပ်မလှပါဘူး…။ ဆံပင်အရောင် ဆန်းဆန်းလေးတွေနဲ့ဆိုတော့ ပိုပြီးဆွဲဆောင်မှုရှိတာပေါ့…။ ဆံပင်အတိုလေးညှပ်ပြီး အခုနောက်ပိုင်းခေတ်စားနေတဲ့ ခဲရောင်လေးဆိုးလိုက်မယ်ဆိုရင်တော့ အရမ်းကိုစတိုင်ကျပြီး လှပသွားမှာပါ…။

အရောင်နှစ်ရောင်စပ်တွေ ခေတ်စားလာတဲ့နောက်မှာ ဒီ Amethyst Roots လို့ခေါ်တဲ့ ဆံပင်ကလည်းတစ်ဖန်ခေတ်စားလာပါတယ်…။

ဆံပင်တစ်ခုလုံးနီးပါး ငွေရောင်ဖြစ်ပြီးမှ အပေါ်ပိုင်းနဲ့အတွင်းနားလေးတွေကိုပဲ ဆိုးထားတာကြောင့်တစ်မျိုးလေးဆန်းပြီး လှနေပါတယ်…။

ဒီဆံပင်အရောင်လေးကတော့ Chocolate Rose Gold လို့ခေါ်ကြပါတယ် …။ ခပ်ရင့်ရင့် Chocolate အရောင်လေးကိုမှ အောက်ကနေ Colorအဖျော့လေး တစ်မျိုးကို Hide လုပ်ထားတာကြောင့် တစ်မျိုးဆန်းသစ်လို့လှပနေပါတယ် …။

Smoky Lilac လို့အမည်ရတဲ့ ဒီဆံပင်ကာလာလေးက လူငယ်လေးတွေနဲ့ဆို ပိုလိုက်ဖက်ပါတယ်…။ ခရမ်းရောင်လည်းအရမ်းမပေါက်ပဲ ခရမ်းရောင်နဲ့ မီးခိုးရောင်ရဲ့ကြားထဲက အရောင်လေးဆိုတော့ တစ်မျိုးလေးဆန်းပြီးလှပနေမှာပါ…။ ဆံပင်အတိုရော ဆံပင်အရှည်ရော နှစ်မျိုးစလုံးမှာဆိုးလို့ရနိုင်ပါတယ်…။

ကဲ…။ ဒီလောက်ဆိုရင်တော့ အခုလက်ရှိမှာရော နောက်ပိုင်းမှာပါခေတ်စားလာမယ့် ဆံပင်ကာလာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။ ဆံပင်ဆေးမဆိုးခင်မှာလည်း ကိုယ်နဲ့လိုက်ဖက်မယ့် ဆံပင်အရောင်ကိုသေချာရွေးပြီးမှ ဆိုးစေချင်ပါတယ် …။ အရောင်မလိုက်လို့ တစ်ခြားအရောင်ဆိုးရင်းနဲ့ ခဏခဏဆိုးမိတဲ့အခါမှာ ဆံပင်သားတွေကိုပျက်စီးစေတာကြောင့် သတိထားပြီးလုပ်သင့်ပါတယ်နော် …။

image credit from google