စျေးအမြောက်ဆုံး အရာဝတ္ထု ( ၈ ) မျိုးဆိုတာ

 ကမ္ဘာပေါ်မှာရှိတဲ့ ရှားပါးပြီးတန်ဖိုးကြီးအရာဝတ္ထုတွေအကြောင်းပြောမယ်ဗျာ ..။

Gold : 56$ per gram 

လူတိုင်းသိပြီးသား တွင်းထွက်သတ္ထုတစ်ခု ..။အရည်အသွေးမှီ ၁၅ ပဲရည်တို့ ၁၆ ပဲရည်တို့ ..၊ မရှိဝမ်းဆာ ရှိတန်ဆာ တို့ ၊ ရွှေရှိမှမျိုးရှိတယ် တို့ဘာတို့စကားပုံတွေတောင်ရှိတယ်ဟုတ် ..။

ရွှေစျေးကောင်းသဗျ .. ၁ဂရမ်ကို ၅၆ ဒေါ်လာရှိသတဲ့ ..။

ရုတ်တရက်ကြည့် ပလက်တီနမ် လိုပဲ ..။

Rhodium : 58$ per gram 

ဒါပေမဲ့ သိပ်သည်းဆ နဲ့ အပူဒဏ်ခံနိုင်စွမ်းမှာတော့ ပလက်တီနမ်ကိုအပြတ်အသတ်ကွာတယ် ..။ တစ်ကမ္ဘာလုံးက စုစုပေါင်း ရိုဒီယမ် တွေရဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ တောင်အာဖရိက မှာတွေ့ရပါတယ် ..။ ရိုဒီယမ်ကို လေယာဉ်အင်ဂျင်တွေမှာ သုံးတဲ့ အပူပေး starter စနစ်တွေ အက်ဆစ်အပြင်းစားထုတ်လုပ်တဲ့လုပ်ငန်းတွေ နဲ့ အော်ဂဲနစ်ဓာတ်မြေသြဇာ ထုတ်လုပ်တဲ့နေရာတွေမှာအဓိကအသုံးပြုပါတယ် ..။ ရိုဒီယမ်တစ်ဂရမ်ကိုတော့ ၅၈ ဒေါ်လာပါ။

Platinum : 60$ per gram 

ဟိုးအရင် ခရစ်တော်မပေါ်ခင်  BC 1200 လောက်တည်းက အီဂျစ်နိုင်ငံမှာပလက်တီနမ်ကိုအဆင်တန်ဆာအဖြစ်သုံးနေကြပြီ ..။ စွဲမက်ဖွယ် ငွေမှင်ရောင် နဲ့ဒီသတ္တုဟာ  သူ့ရဲ့လိုက်လျောညီထွေရှိတဲ့ဂုဏ်သတ္တိကြောင့်လည်းအဆင်တန်ဆာသာမက သုတေသနလုပ်ငန်းတွေ မှာလည်းတော်တော်မျက်နှာပန်းလှပါတယ် ..။

လေထဲမှာရှိတဲ့အောက်ဆီဂျင်နဲ့ဓာတ်မပြုဘူး ..။ သဘောက ဘယ်လောက်ကြာကြာ ဆားမပေါက် ဘာအညစ်အကြေးမှမကပ်ပဲ သူ့ဟာနဲ့သူသီးသန့်ဖြစ်တည်နေတယ်။ နောက်ပြီး ဟိုက်ဒရိုကလိုရစ် နဲ့ နိုက်ထရစ်အက်ဆစ် အပြင်းစားတွေမှာလည်းပျော်ဝင်ခြင်းမရှိလို့ ဓာတုဗေဒဆိုင်ရာသုတေသနလုပ်ငန်းတွေမှာလည်း မပါမဖြစ်သတ္တုတစ်ခုဖြစ်တယ် ..။ သူကတော့ တစ်ဂရမ်ကို ဒေါ်လာ ၆၀ ခင်ဗျ ..။

Methamphetamine : 100$ per gram 

သိတဲ့သူတွေသိကြမှာပါ ..။    :v

ကြည်လင်နေတဲ့ ဒီပုံဆောင်ခဲအနည်းငယ်ဟာ လူပေါင်းသုံးထောင်လောက်ကို တမ်းတမ်းစွဲဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိတယ် ..။ ဂရိဒဏ္ဍာရီထဲက ကြာပန်းလိုအနည်းငယ်စားမိတာနဲ့ တစ်သက်လုံးစွဲသွားမှာအသေအချာပဲ ..။ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးစွဲလန်းစေတဲ့အရာဝတ္တုတွေထဲက တစ်ခုဖြစ်တယ် ..။ သုံးစွဲတဲ့ကာလကြာရှည်လာတာနဲ့အမျှ စိတ်ပေါ့သွပ်လာတာ ၊အမြင်မှားလာတာ..၊ ကိုယ်ခံအားကျဆင်းလာတာ နဲ့ စိတ်ကျရောဂါအပါအဝင် တစ်ခြားစိတ်နဲ့ဆိုင်တဲ့ရောဂါတွေ ..၊ အိပ်မပျော်တာတွေ အပြင် နောက်ဆုံး ကိုယ့်ကိုကိုယ်ပါ သတ်သေနိုင်တဲ့အထိအန္တရာယ်ရှိတဲ့အရာဖြစ်တယ် ..။

အန္တရာယ်ကိုပိုက်ဆံပေးပြီးမှဝယ်ချင်သပဆိုရင်တော့ တစ်ဂရမ်ကိုဒေါ်လာ ၁၀၀ ပါ ..။

Rhino Horn : 110$ per gram

အရှေ့တောင်အာရှဒေသရယ် .. အာဖရိကရယ်က အဆိုးရွား အရက်စက်ဆုံး လုပ်ရပ်တွေကတော့ ကြံ့တွေကိုတရားမဝင်သတ်ဖြတ်ပြီး ဦးချိုတွေကိုရောင်းဝယ်ဖောက်ကားတာပဲ ..။

ဒီမှာတော့ ကြံ့ကောင်ရေနည်းလို့ သိပ်မသိသာပေမယ့် အာဖရိကမှာ အဲလိုလုပ်တာမိလို့ကတော့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပဲလို့အာဏာပိုင်တွေကကြွေးကြော်ထားတယ် ..။ ကြံ့ချိုဟာ ဆင်စွယ်လိုပဲစျေးကြီးတယ် ..။ ဒါပေမဲ့ ဆင်စွယ်လိုမျိုး အလှဆင်ရာမှာသုံးတာတော့မဟုတ်ပေဘူး ..။ တရုတ်ရိုးရာ ယောကျ်ားခွန်အားတိုးဆေးတွေထဲမပါမဖြစ် ဆေးဖက်ဝင်ပစ္စည်းတစ်ခုဖြစ်တယ် ..။

ကြံ့ချိုတစ်ဂရမ်ကို ( မှောင်ခိုစျေးကွက်မှာ ) ဒေါ်လာ ၁၁၀ စျေးပေါက်ပါတယ် ..။

Plutonium : 4000$ per gram

နျူကလီးယားဓာတ်ပေါင်းဖိုတွေ နဲ့ နျူကလီးယားဗုံးတွေထုတ်လုပ်ရာမှာ သန့်စင်ပြီးသားယူရေနီယမ်လိုပဲ ပလူတိုနီယမ်ဟာလည်းအရေးပါတယ် ..။ နျူကလီးယားရဲ့အလယ်ဗဟိုချက်မှာရှိတဲ့ အက်တမ်တွေ ဓါတ်ပြုပြီးစွမ်းအားကြီးတဲ့ပေါက်ကွဲမှုကိုထိန်းထားတဲ့ စနက်တံတစ်ခုလို့လဲပြောလို့ရတယ်။

ပလူတိုနီယမ်တစ်ဂရမ် = ဒေါ်လာ ၄၀၀၀

Tritium : 30,000$ per gram

ထရီတီယမ်ကို များသောအားဖြင့် မြေအောက်ပေပေါင်းများစွာအနက်က နိုက်ထရိုဂျင်အက်တမ်ဗဟိုပြုနျူကလိယပ်စ် တွေရဲ့ပေါက်ကွဲမှုဖြစ်စဉ်ကနေ ကွဲထွက်လာတဲ့ နျူထရွန်နှစ်ခုပါ ပုံဆောင်ခဲတွေအဖြစ်တွေ့ရတတ်တယ် ..။

ရေဒီယိုသတ္တုကြွမှုနှုန်းမြင့်တဲ့ ပုံဆောင်ခဲတွေကိုပြန်ပြီးသန့်စင်လိုက်ရင် သဘာဝအလင်းပေါက်နေတဲ့ ထရီတီယမ်သတ္တုကိုရပါမယ် ..။ ရေဒီယိုသတ္တိကြွနှုန်းအပေါ်မှာလိုက်ပြီး ထရီတီယမ်ဟာကြည်လင်ပြီးတစ်သမတ်တည်းအရောင်တစ်ခုသာရှိတဲ့ အလင်းပေါက်ပုံဆောင်ခဲတစ်ခု လိုမြင်ရတတ်တယ် ..။ ထရီတီယမ်ကို နာရီတွေ ..၊ နောက်ပြီး တိုက်လေယာဉ်တွေမှာသုံးတဲ့ အလင်းပေါက်ဒီဂျစ်တယ်ဒိုင်ခွက်တွေ ..၊ ခေတ်မီရိုင်ဖယ်တွေမှာတပ်ဆင်ထားတဲ့ အလင်းစက်ပါ ပစ်မှတ်ရှာဖွေရေးကိရိယာတွေ ( Haloscopic sight, Optimic sight ) မှာအသုံးပြုတယ် ..။

ထရီတီယမ် တစ်ဂရမ်ကို ဒေါ်လာ ၃၀၀၀၀ တန်ကြေးရှိပါတယ် .. ။

Antimatter : 6.25 Trillium $ per gram

ကမ္ဘာပေါ်မှာ အရှားပါးဆုံးနဲ့ စျေးအကောင်းဆုံးအရာဝတ္တုပဲ ..။

နည်းပညာနဲ့ ရှားပါးတွင်းထွက်တွေကိုအချိုးကျပေါင်းစပ်ခြင်းဖြစ်စဉ်ကနေ antimatter ဆိုတဲ့အရာကိုရရှိမယ် ..။ Antimatter အနည်းငယ်ပမာဏလေးနဲ့တင် သန်းပေါင်းများစွာသော သုတေသနလုပ်ငန်းတွေကိုလုပ်နိုင်တယ် ..။ ဒါပေမဲ့ antimatter ဟာ တခြားဘယ်လိုအရာနဲ့မှ ထိတွေ့လို့မရအောင် သတ္တိကြွလွန်ကဲတဲ့ အရာဝတ္တုတစ်မျိုးဖြစ်ပါတယ် ..။ အနည်းငယ်သော antimatter ပမာဏဟာ ယမ်းဘီလူးမီဂါတန်ဝက်ရှိတဲ့ စွမ်းအင်ပေါက်ကွဲမှုကိုထုတ်လွှတ်နိုင်ပါတယ် ..။ antimatter ဖြစ်စဉ်ဟာ ဒဏ္ဍာရီတစ်ခုလိုသာဖြစ်ပြီး antimatter ဖော်ထုတ်ခြင်းကို အထူးလျှို့ဝှက်ထားတယ် ..။

ယုံမလားတော့မသိဘူး ..။ Antimatter တစ်ဂရမ်ကို ၆.၂၅ ထလီရီယမ် တန်ကြေးရှိတယ် ..။ ဒါပေမဲ့ အကိုင်အတွယ်မတတ်ရင်အားလုံးဒုက္ခရောက်နိုင်တဲ့အရာမို့ ဘယ်ကိုမှတင်ပို့ရောင်းချခြင်းမရှိပါဘူး ..။







X