Warner Brothers ရဲ့ Masterpiece တစ်ခုဖြစ်တဲ့ "Geostorm" Official Trailer အကြောင်းတစေ့ တစောင်း

ကဲ … ဟောလီးဝုဒ် ရဲ့ ထိပ်တန်းရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီး Warner Brothers  ကတော့ လာမဲ့ အောက်တိုဘာ ၂၀ မှာ ဖြန့်ချိမယ့် သူ့ရဲ့ Masterpiece ရုပ်ရှင်တစ်ခုကို ပရိသတ်တွေရှေ့မှောက် အမြည်းလေးချပြလိုက်ပါပြီ …။ ရုပ်ရှင်ရဲ့ နာမည်ကတော့ Geostorm ပါတဲ့ …။

GEOSTORM

Geostrom ဟာ ခေတ်လွန် သိပ္ပံဇာတ်ကား အမျိုးအစားဖြစ်တယ်။ ဒါပေမယ့်ဂြိုဟ်သားတွေ … အာကာသစစ်ပွဲတွေ ပါဝင်မှာတော့မဟုတ်ပဲ၊ ကမ္ဘာမြေကြီးပေါ်က ရာသီဥတုကိုထိန်းချူပ်ဖို့လွှတ်တင်ထားတဲ့ စွမ်းအားမြင့် Climate Control ဂြိုဟ်တုကြီးရဲ့ ထိန်းချူပ်ရေးစနစ်တွေ မှားယွင်းမှုကြောင့် ကြောက်မက်ဖွယ် ဆူနာမီလှိုင်းတွေ … ၊မိုးကြိုးမုန်တိုင်းကြီးတွေ ..၊ ဧရာမ လေဆင်နှာမောင်းကြီးတွေ ၊မိုးသီးမိုးပေါက်တွေနဲ့ မြေကြောပြတ်ရွေ့မှုအကြီးစားကြီးတွေ ကမ္ဘာမှာဖြစ်ပေါ်လာတဲ့အကြောင်းကို ရင်သပ်ရှုမောဖွယ်ရိုက်ကူးတင်ဆက်ထားတာပါ … ။

ဟောလီးဝုဒ်ရဲ့ ထုံးစံအတိုင်း မရပ်မနားပေါက်ကွဲမှုတွေ …၊ ကြောက်ခမန်းလိလိ ရာသီဥတု နဲ့ ငလျင်အကြီးစားကြီးတွေ …၊ တိုက်တာအဆောက်အဦးတွေ ပြိုကျပျက်စီးမှုပြကွက်တွေပါဝင်မယ် ..။ မဝေးတော့တဲ့ အနာဂတ်က လူသားတွေရဲ့ မြင့်မားတဲ့ နည်းပညာအကြောင်းတွေကိုလည်း မြင်ရမှာဖြစ်သလို၊ ဟောလီးဝုဒ်ဇာတ်ကားတွေထဲမပါမဖြစ် အကြမ်းပတမ်း ကားမောင်းခန်းပြကွက်တွေကိုလည်း တွေ့ရမှာပါ ..။

The Great Tsunami Waves 

နောက်တစ်ခုကတော့ လင်းယုန်ကြီးရဲ့ထုံးစံအတိုင်း ကမ္ဘာကြီးတစ်ခုခုဖြစ်လာရင်၊ အန္တရာယ်ကြုံလာပြီဆိုရင် ကယ်တင်မယ့် ဟီးရိုးတစ်ယောက်ကတော့ အမေရိကားမှာ အဆင်သင့်ရှိနေတာပဲ …။ ဒါပေမယ့် ပရမ်းပတာအခြေအနေတွေထဲမှာမှ အမေရိကန်သမ္မတ ကိုပြန်ပေးဆွဲပြီး ကားမောင်းပြေးတဲ့ အခန်းကတော့ သိပ်ပြီး စိတ်ထဲမတွေ့လှဘူးပေါ့ …။ဘာပဲဖြစ်ဖြစ် သည်းထိတ်ရင်ဖို Animation တွေ နဲ့ CGI တွေကြောင့် အဲဒီအခန်းကို ခဏလောက် မေ့ထားလိုက်လို့ရပါတယ်လေ …။

London has Fallen ဇာတ်ကားနဲ့ 300 ရုပ်ရှင်တွေထဲက ခေါင်းဆောင်မင်းသားကြီး ဂျရတ်ဘတ်တလာ ခေါင်းဆောင်ပါဝင်ထားပြီး ဂျင်မ် စတားဂတ်စ်၊ အက်ဘီ ကော်နစ်ရှ်၊ ရစ်ချက်ရှစ်ဖ် နဲ့ ကက်သရင်း ဝင်းနစ်က် တို့လို သမ္ဘာရင့်သရုပ်ဆောင်တွေကလည်း အားဖြည့်လို့ ပါဝင်ထားကြပါတယ် ..။

Cast : Gerard Butler 

မင်းသားကြီး ဂျရတ်ဘတ်တလာ ကို အက်ရှင်ဇာတ်ရုပ်တွေပဲ ကြည့်ဖူးလို့လားတော့ မသိ .. ဒီဇာတ်ရုပ်နဲ့ (ခပ်အေးအေးသမား သိပ္ပံပညာရှင်) သိပ်မလိုက်သလိုပဲ ..။ Enemy at the gate ရဲ့ ဗီလိန်မင်းသားကြီး အက်ဒ်ဟားရစ် ကတော့ သူ့ရဲ့ထုံးစံအတိုင်း ခပ်အေးအေး ခပ်ပြုံးပြုံး ပမာမခန့် ဇာတ်ရုပ်ပေါ့ ..။ကျန်တဲ့သရုပ်ဆောင်တွေကတော့ သူ့နေရာနဲ့သူ အဆင်ပြေနေပါတယ် ..။

ဇာတ်ကားတစ်ခုလုံးရဲ့ အခြေအနေ ဘယ်လိုအနေအထားရှိမလဲ ၊Total Income က ဘယ်လောက် .. Drop Box မှာ ဘယ်နေရာ .. Rotten Tomatoes ရဲ့ ဝေဖန်ချက်တွေက ဘယ်ပုံ ဆိုတာကိုတော့ အောက်တိုဘာ ၂၀ ကျမှပဲ စောင့်ကြည့်ကြစို့လားဗျာ …။

Geostorm ရဲ့ official trailer ကို မြည်းစမ်းချင်တယ် ဆိုရင်တော့ဖြင့် .. ။