ဆွဲဆောင်မှုအရှိဆုံး ဘောလုံးသမားငါးယောက်

ဘောလုံးကစားနည်းဆိုတာ ကမ္ဘာပေါ်မှာ လူသိအများဆုံးနှင့် အကျယ်ပြန်ဆုံး အာကစားတစ်ရပ်ပါ။ ထို့အတူဘောလုံးဇာတ်ခုံမှာ ပြေးလွားဆော့ကစားနေကြတဲ့ ဘောလုံးသမားတွေမှာလည်း ဟောလီးဝုဒ်မင်းသားတွေ နီးပါးလောက် ရုပ်ရည်ချောမောပြေပြစ်သူတွေ ရှိကြပါတယ်။ (၂၀၁၈) ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး ဘောလုံးသမားငါးယောက်ကို We မှ ဖော်ပြပေးလိုက်ရပါတယ်။

(၅)  လီယွန်နယ် မက်ဆီ (အာဂျင်တီးနား)
မက်ဆီကိုတော့ (၁၉၈၇) ခုနှစ် ဇွန်လ (၂၇) ရက်က အာဂျင်းတီးနားနိုင်ငံတွင် မွေးဖွားခဲ့ပါတယ်။ သူဟာရုပ်ရည်ချောမောပြီး ဖတ်ရှင်အမြင်ရှိသူတစ်ယောက်ပါ။ သူ၏ ခန့်ညားလှတဲ့ သွင်ပြင်ကြောင့် မိန်းမချောလေးတွေ၏ အကြည့်ကို အမြဲလိုလို ရရှိတတ်ပါတယ်။ ထို့အပြင် သူ၏ မှော်ဆန်တဲ့ ဘောလုံးစွမ်းရည်တွေကြောင့် ကမ္ဘာအကောင်းဆုံးဘောလုံးသမားတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ ယခုအချိန်မှာတော့ အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့် ကတ်သလန်အခြေစိုက် ဘာစီလိုနာအသင်းတို့မှာ ကစားနေပါတယ်။ သူအနေနှင့် လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားတို့ကို အသင်းနှင့် ရယူပေးနိုင်ခဲ့ပြီ တစ်ဦးချင်းဆုတံဆိပ်များစွာလည်း ရရှိထားပါတယ်။ရရှိထားပါတယ်။


(၄) ဒေးဗစ် ဗီလာ (စပိန်)
ဗီလာကိုတော့ (၁၉၈၁) ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှာ စပိန်နိုင်ငံတွင် မွေးဖွားခဲ့ပါတယ်။ ရုပ်ရည်ချောမောပြီး ဟာသဉာဏ်ရွင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဆက်ဆံရေးအမြင်ရှိပြီး ဆံကေသာလှပမှုကို အထူးပြုပြင်တတ်တဲ့ ကစားသမားတစ်ယောက်ပါ။ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာတော့ ယူရို ၂၀၀၈ ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ၂၀၁၀ ကမ္ဘာဖလားပြိုင်ပွဲတွင်လည်း ငွေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။

(၃) ကာကာ (ဘရာဇီး)
ကာကာကိုတော့ (၁၉၈၂) ခုနှစ် ဧပြီလ (၂၂) ရက်နေ့မှာ ဘရာဇီးနိုင်ငံတွင် မွေးဖွားခဲ့ပါတယ်။ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်ရှိပြီး အကြည့်တွေကလည်း ဆွဲဆောင်မှုရှိလွန်းပါတယ်။ သူအနေနှင့် ယခုအချိန်မှာ ဘရာဇီးလက်ရွေးစင်နှင့် အော်လန်ဒိုအသင်းတို့မှာ ကစားနေတာဖြစ်ပါတယ်။ (၂၀၀၇) ခုနှစ်က ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။ ခြေစွမ်းထက်မြတ်တဲ့ ကွင်းလယ်တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။


(၂) ကားဆီးလက်စ် (စပိန်)
ကာဆီးလက်စ်ကိုတော့ (၁၉၈၀) ခုနှစ် မေလ (၂၀)ရက်နေ့မှာ စပိန်နိုင်ငံတွင် မွေးဖွားခဲ့ပါတယ်။ ကြည့်ကောင်းပြီး ယောကျာ်းပီသတဲ့ ဂိုးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ စတိုင်ကျပြီး၊ ဖတ်ရှင်ကိုအလေးထား ဝတ်ဆင်တတ်သူတစ်ယောက်ပါ။ သူဟာ စပိန်လက်ရွေးစင်အသင်း၏ ဂိုးသမားတစ်ယောက်ဖြစ်ပြီး အသင်းခေါင်းဆောင်တာဝန်ကို ယူထားရသူလည်းဖြစ်ပါတယ်။

(၁) ရော်နယ်ဒို (ပေါ်တူဂီ)
ကမ္ဘာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ရော်နယ်ဒိုကိုတော့ (၁၉၈၅) ခုနှစ် ဖေဖော်ဝါရီ (၅) ရက်နေ့တွင် ပေါ်တူဂီနိုင်ငံတွင် မွေးဖွားခဲ့ပါတယ်။ သူ၏ ကြိုးစားမှု၊ ဘောလုံးပါရမီ အရှိန်အဝါတွေကြောင့် မော်ဒန်ဘောလုံးလောကမှာ ထွန်းတောက်နေတာလည်းဖြစ်ပါတယ်။ သူ၏ ကျန်းမာကြံံ့ခိုင်တဲ့ ကိုယ်ခန္ဓာကြောင့်လည်း လူကြိုက်များထင်ရှားလှပါတယ်။ ဖတ်ရှင်အမြင်ရှိပြီး ဆံပင်ပုံစံကအစ မိမိနှင့် လိုက်ဖက်အောင် အမြဲပြုပြင်နေသူတစ်ယောက်ပါ။   ယခုအချိန်မှာတော့ ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ရီးရဲမတ်ဒရစ်အသင်းတို့မှာ ကစားနေပါတယ်။ အသင်းလိုက်အောင်မြင်မှုအပြင် တစ်ဦးချင်းဆုဖလားအောင်မြင်မှုတွေကိုပါ တစ်ပွေ့တစ်ပိုက်ရရှိထားတဲ့ ကစားသမားတစ်ယောက်ပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။