အမေရိကန် သမ္မတတစ်ယောက်အဖြစ်အရွေးခံဖို့ ဘာအရည်အချင်းတွေ လိုအပ်လဲ?

အမေရိကန်နိုင်ငံဆိုတာ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ တရားမျှတမှု၊ လွတ်လပ်စွာပြောဆိုခွင့် အစရှိတဲ့ လူအခွင့်အရေးတွေကို ပြည်စုံစွာထောက်ပံပေးထားတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ မတူကွဲပြားမှုတွေကို လက်ခံကာ ထောက်ပံပေးတတ်တဲ့  အမျိုးသားရေးနဲ့နိုင်ငံရေးစံနှုန်းတွေက အားကျစရာပါ။ ထိုသို့သော အမေရိကန်နိုင်ငံကို ကိုယ်စားပြုရတယ့် သမ္မတရာထူးဆိုတဲ့ တာဝန်ကလည်း ကြီးမားလှပါတယ်။ သမ္မတစ်ယောက်ဖြစ်လာဖို့ ပါတီနဲ့အတူ အဆင့်ဆင့်သောရွေးကောက်ပွဲတွေ ယှဉ်ပြိုင်ကာ အနိုင်ရရှိဖို့လိုအပ်ပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ သဘောကျမှုကို  ရရှိဖို့ဆိုတာက ခက်ခဲလှပါတယ်။ ထို့အပြင် အမေရိကန်သမ္မတတစ်ယောက်အဖြစ်အရွေးခံဖို့ အခြားသော အခြေခံအရည်အချင်းတွေလည်း ရှိနေပါသေးတယ်။ 

(၁) အမေရိကန်နိုင်ငံသားစစ်စစ်ဖြစ်ရမယ်။ 

ဒါဟာအရေးကြီးဆုံးသော အချက်ပါ။ အမေရိကန်နိုင်ငံရဲ့ သမ္မတတစ်ယောက်အဖြစ်အရွေးခံမယ့်သူဟာ  အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ရပါမယ်။ မက္ကဆီကို အစရှိတဲ့ အခြားသောတိုင်းပြည်က နိုင်ငံသားတွေဟာ ရွေးကောက်ပွဲမှာ လုံးဝယှဉ်ပြိုင်ခွင့်မရှိပါဘူး။

(၂) အသက် (၃၅) နှစ်ကျော်လွန်ရမယ်။

အသက် (၃၅) နှစ်ကျော်လွန်သူတွေသာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းဖော်ပြထားပါတယ်။ 

(၃) အမေရိကန်နိုင်ငံမှာ (၁၄) နှစ်လောက် မရွေ့မပြောင်းဘဲ နေထိုင်ခဲ့ဖူးရမယ်။

အမေရိကန်သမ္မတတစ်ယောက်အဖြစ်အရွေးခံမယ့်သူဟာ အမေရိကန်နိုင်ငံမှာ (၁၄) နှစ်လောက် မရွေ့မပြောင်းဘဲ နေထိုင်ခဲ့ဖူးရပါမယ်။ ဒါမှသာ အမေရိကန်ရဲ့ ရေမြေတောတောင်၊ လူသဘာ၀ အစရှိတဲ့ ယေဘုယျအကြမ်းဖျင်တွေကို နားလည်နိုင်မှာပါ။

(၄) ကောင်းမွန်တဲ့ပညာအရည်အချင်း

ဖွဲစည်းပုံအခြေခံဥပဒေမှာတော့ ဘယ်တက္ကသိုလ်ထွက်ဖြစ်မှ  အမေရိကန်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ်လို့ မထုတ်ပြန်ထားပါဘူး။ သို့ပေမဲ့ အမေရိကန်တစ်နိုင်ငံလုံး၏ ဥသျှောင်ဖြစ်လာမယ့် သူမှာတော့ ကောင်းမွန်တဲ့ပညာအရည်အချင်းတစ်ခု လိုအပ်ပါတယ်။ အမေရိကန်သမ္မတအများစုကတော့ ဥပဒေဘွဲ့နှင့် စီးပွားရေးဘွဲ့ ရရှိတာများပါတယ်။

(၅) ဟောပြောစွမ်းရည်ကောင်းမွန်ရမယ်။

သင်ဟာ စကားနည်းသူ၊ လူအများရှေ့မှာ စကားပြောရမှာ ရှက်သူဆို အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်ပါနဲ့။ အမေရိကန်ပြည်သူတွေ သဘောကျအောင် မဲဆွယ်စည်းရုံးရတာက လွယ်မယောင်နဲ့ခေတ် တိမ်မယောင်နဲ့နက်ပါတယ်။ ထို့အပြင် စကားစစ်ထိုးပွဲတွေလည်း ဆင်နွဲရမှာမလို့ သင့်အနေနဲ့ စကားပြောစွမ်းရည်ကောင်းဖို့လိုပါတယ်။ ဒါမှသာ အိမ်ဖြူတော်ရဲ့ အရှင်သခင်ဖြစ်လာမှာပါ။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။