အသည်းကွဲဝေဒနာကို ဘယ်လိုကုစားကြမလဲ?

အသည်းကွဲတယ်ဆိုတာ တကယ်တော့ မဆန်းပြားလှပါဘူး။ လူလောကမှာ လှုပ်ရှားရုန်းကန်ရင်း မမျှော်လင့်ဘဲ အသည်းကွဲတတ်ကြပါတယ်။ မိမိချစ်သူက အဝေးထွက်သွားတာဖြစ်ဖြစ်၊ Crush က ကိုယ်ကို ငြင်းလိုက်တာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် လူတွေဟာ အသည်းကွဲတတ်ကြပါတယ်။ ထို့ကြောင့် အသည်းကွဲဝေဒနာသက်သာအောင်ဘယ်လို ကုစားရမလဲဆိုတဲ့ အချက်လေးတွေကို We မှဖော်ပြပေးလိုက်ရပါတယ်။

(၁) အားကစားလုပ်ပါ။

သူ အကြောင်းတွေးနေမယ့်အစား အားကစားလုပ်ပါ။ အားကစားလုပ်ခြင်းဟာ သင့်ကျန်းမာရေးနဲ့  ခန္ဓာကိုယ်လှပဖို့အတွက် အကူအညီပေးနိုင်ပါတယ်။  

(၂) သီချင်းနားထောင်ပါ။ 

သူကို တွေးပြီးလွမ်းနေမယ့်အစား နားကျပ်လေးတပ်ပြီ သီးချင်းနားထောင်ပါ။ (အသည်းကွဲသီးချင်းတွေတော့ သွားနားမထောင်မိစေနဲ့ပေါ့ဗျာ)။ နားကျပ်လေးတပ်ပြီး ဂီတသံလေးတွေနဲ့ အတူ စိတ်ကို  အတွေးပင်လယ်မှာ လွတ်လပ်စွာပျံသန်းလိုက်ပါ။ 

(၃) အစားပိုစားပါ။

အသည်းကွဲရင် ဘာမှမစားပဲ ထိုင်ပြီပဲဆွေးနေရမယ်လို့ ဘယ်ပညာရှိကမှ မပြောခဲ့ပါဘူး။ သူကို လွမ်းနေမယ့်အစား အစားပိုစားပါ။ ဒါမှ ၀၀ကစ်ကစ်လေးနဲ့ ပိုချစ်ဖို့ကောင်းလာမှာ။

(၄) အမှုအကျင့်အချို့ကိုပြောင်းပစ်လိုက်ပါ။

အသည်းကွဲဝေဒနာစတင်ခံစားရပြီဆိုထဲက သင့်ရဲ့ အမှုအကျင့်အကုန်လုံးကို ပြောင်းပစ်လိုက်ပါ။ အသေးအဖွဲ့အမှုအကျင့်လေးတွေအစ အားလုံးနီးပါးကိုပြောင်းလဲပစ်ပါ။  

(၅) ပျော်ရွင်ဖွယ်ရာများကို ရှာဖွေပါ။

လွမ်းဆွေးတမ်းတငိုကြွေးနေမယ့်အစား မိမိဝါသနာပါရာများကို လုပ်ကြည့်ပါ။ ပျော်ရွင်ဖွယ်ရာကိစ္စများကိုတွေးပြီး မကြာခဏ မှန်ကြည့်ပြီးပြုံးပေးပါ

။ 

(၆) သူငယ်ချင်းများနှင့် ခရီးသွားပါ။

သင့်အရမ်းချစ်ရတဲ့ ချစ်သူက သင့်အနားကထွက်သွားပေမဲ့ သူငယ်ချင်းတွေရှိနေပါသေးတယ်။ သူငယ်ချင်းတွေနဲ့ခရီးသွားပေးပါ။ ဒါဟာ အသည်းကွဲဒေနာကို ကုသဖို့အကောင်းဆုံးနည်းလမ်းပါ။ 

(၇) အလှပိုပြင်ပါ။

အသည်းကွဲတာနဲ့ အပူသည်ရုပ်နဲ့နေစရာမလိုပါဘူး။ အရင်ကထက်ပိုပြီးတော့တောင် လန်းလန်းဆန်းဆန်းတက်တက်ကြွကြွနေပါ။ အလှလည်းပိုပြင်ပါ။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။